Myanmar defeat Manavgat Belediyespor FC 2-1 in friendly match
November 11, 2021ဆူဇူကီးဖလား ပြိုင်ပွဲဝင် မြန်မာအသင်း စင်ကာပူနိုင်ငံသို့ရောက်ရှိ
December 2, 2021တူရကီနိုင်ငံတွင် ဆူဇူကီးဖလား ပြိုင်ပွဲအတွက် လေ့ကျင့်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် နိုဝင်ဘာ ၁၃ ရက်နေ့ ဒေသ စံတော်ချိန် ည (၉း၀၀)နာရီက အာဖရိက အသင်းတစ်သင်း ဖြစ်သည့် ဘူရန်ဒီ လက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲအား ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာအသင်းတွင် ဂိုး- မျိုးမင်းလတ်၊ နောက်တန်း- ဒေးဗစ်ထန်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ဝင်းမိုးကျော်၊ အလယ်တန်း- မောင်မောင်ဝင်း၊ ရန်နိုင်ဉီး၊ မောင်မောင်လွင်၊ ဆမ်လန်မန်၊ လှိုင်းဘိုဘို၊ ရှေ့တန်း- သန်းပိုင် တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဘူရန်ဒီအသင်းတွင် ဉရောပ အခြေစိုက် ကစားသမား အများစု ပါဝင်ကစားသွားခဲ့သည်။
ခြေစမ်းပွဲတွင် မြန်မာအသင်းသည် ပထမပိုင်း ၂၈ မိနစ်တွင် ဒေးဗစ်ထန် ကန်ချက်အား ဂိုးသမား ပုတ်ထုတ်ရာမှ ဆမ်လန်မန်က ပြေးဝင် ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရရှိခဲ့သည်။ မြန်မာအသင်း အနေဖြင့် အရပ်အမောင်း ခွန်အား များစွာသာလွန်သော ဘူရန်ဒီ အသင်းကို အသင်းလိုက်ကျစ်လစ် စုစည်းမှုအားဖြင့် ခုခံရင်ဆိုင်ခဲ့ပြီး တန်ပြန် တိုက်စစ်ဖြင့် ပြန်လှန်ထိုးဖောက်ခဲ့သည်။ ဘူရန်ဒီအသင်းသည် ချေပဂိုး ရရှိရေးအတွက် ကြိုးပမ်းခဲ့သော်လည်း ဂိုးသမား မျိုးမင်းလတ်နှင့် နောက်တန်း ကစားသမားများ စနစ်တကျ ခုခံကာကွယ်နိုင် မှုကြောင့် ပထမပိုင်း အပြီးတွင် မြန်မာအသင်းက (၀-၁)ဂိုးဖြင့် အနိုင်ရနေခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၇၈ မိနစ်ရောက်မှသာ ဘူရန်ဒီအတွက် ကွင်းလယ်လူ ဘီဂီရီမာနာက ချေပဂိုး သွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၈၁ မိနစ်တွင် မြန်မာနောက်ခံလူ ဟိန်းဖြိုးဝင်း ပင်နယ်တီ ဧရိယာ အတွင်း လက်ထိဘော သက်မှတ်ခံရပြီး ဘူရန်ဒီ ကွင်းလယ်လူ တီဘာဇွန်ကီဇာက ကန်သွင်းယူ၍ (၂-၁)ဂိုးဖြင့် မြန်မာအသင်း အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် လေ့ကျင့်ရေး ကာလအတွင်း အင်ဒိုနီးရှား အသင်းအပါအဝင် ကလပ်အသင်း အချို့နှင့် ခြေစမ်းပွဲများ ဆက်လက်ကစားသွားမည် ဖြစ်သည်။