ဆူဇူကီးဖလား ပြင်ဆင်မှုအဖြစ် ဘူရန်ဒီ လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲယှဉ်ပြိုင်
November 14, 2021Myanmar National Team has arrived in Singapore for AFF Suzuki Cup campaign
December 2, 2021၂၀၂၀ ဆူဇူကီးဖလား ပြိုင်ပွဲဝင် မြန်မာအသင်းသည် တူရကီနိုင်ငံတွင် တစ်လကြာ လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် ပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာ ၂၉ ရက်နေ့ ညပိုင်းက ထွက်ခွာခဲ့ရာ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ နိုဝင်ဘာ ၃၀ ရက်၊ ဒေသစံတော်ချိန် ည(၈း၃၀)နာရီတွင် ရောက်ရှိခဲ့သည်။ မြန်မာအသင်းသည် လေဆိပ်တွင် PCR ဖြစ် COVID-19 စစ်ဆေးမှု ခံယူခဲ့ရာ အသင်းသား အားလုံး Negative ရလဒ်ထွက်ပေါ်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်းတွင် မလေးရှားနိုင်ငံ သွားရောက်ကစားနေသည့် အောင်ကောင်းမာန်၊ ဟိန်းထက်အောင်တို့ အသင်းနှင့် ပူးပေါင်းနေပြီဖြစ်ပြီး လက်ရှိ ပဏာမ ကစားသမားများ အနက်မှ ကွင်းလယ်လူ မျိုးကိုထွန်း၊ ဂိုးသမား စိုးအာကာ တို့မှာ ဒဏ်ရာကြောင့် ပြိုင်ပွဲအား လွဲချော်ရဖွယ်ရှိနေသည်။ နည်းပြချုပ် အန်တိုနီဟေး အနေဖြင့် စင်ကာပူနှင့် ပွဲစဉ်မတိုင်မီ မြန်မာ့လက်ရွေးစင် အပြီးသတ် ကစားသမားစာရင်းအား ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၂၀ ဆူဇူကီးဖလား အုပ်စု(က) အဖွင့်ပွဲစဉ်အဖြစ် စင်ကာပူ လက်ရွေးစင် အသင်းနှင့် ဒီဇင်ဘာ ၅ ရက် မြန်မာစံတော်ချိန် ည (၇)နာရီ၊ ဒုတိယ ပွဲစဉ်အဖြစ် အရှေ့တီမော အသင်းနှင့် ဒီဇင်ဘာ ၈ ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၄)နာရီ၊ တတိယ ပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့် ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည(၇)နာရီ၊ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ဖိလစ်ပိုင် အသင်းနှင့် ဒီဇင်ဘာ ၁၈ ရက် မြန်မာစံတော်ချိန် ည(၇)နာရီ တို့တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ပွဲစဉ်များ အားလုံးကို စင်ကာပူ အမျိုးသား အားကစားကွင်းတွင် ဖော်ပြပါ အချိန်များအတိုင်း ကျင်းပသွားမည်ဖြစ်သည်။
မြန်မာအသင်း အနေဖြင့် တူရကီနိုင်ငံတွင် လေ့ကျင့်စဉ် ကာလအတွင်း ခြေစမ်းပွဲ (၄)ပွဲ ကစားခဲ့ရာ ဘူရွန်ဒီနှင့် အင်ဒိုနီးရှားတို့ကို အရေးနိမ့်ခဲ့ပြီး MANAVGAT BELEDİYESİ အသင်းကို (၁-၂)ဂိုး၊ Antalya HAL SPOR အသင်းကို (၀-၈)ဂိုး တို့ဖြင့် အနိုင်ရခဲ့ပြီးဘူရွန်ဒီ အသင်းကို (၂-၁)ဂိုး၊ အင်ဒိုနီးရှားအသင်းကို (၄-၁)ဂိုး တို့ဖြင့် အရေးနိမ့်ခဲ့သည်။