ဆူဇူကီးဖလား ၂၀၂၀ ပြိုင်ပွဲဝင် မြန်မာအသင်း ကစားသမား စာရင်း
December 4, 2021အရှေ့တီမောကို (၂-၀)ဂိုးဖြင့်အနိုင်ယူပြီး မြန်မာအသင်း ဆူဇူကီးဖလား ၂၀၂၀ နိုင်ပွဲစတင်
December 8, 2021မြန်မာ့လက်ရွေးစင် အသင်းသည် ဆူဇူကီးဖလား ၂၀၂၀ အုပ်စု(က) ပွဲစဉ်အဖြစ် အိမ်ရှင် စင်ကာပူ အသင်းနှင့် ဒေသစံတော်ချိန် ညနေ့ည (၈း၅၅)နာရီက စင်ကာပူ အမျိုးသား အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်အား (၃-၀)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းတွင် ဂိုး- မျိုးမင်းလတ်၊ နောက်တန်း-ဒေးဗစ်ထန်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ဝင်းမိုးကျော်၊ အလယ်တန်း- လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ ဆမ်လန်မန်၊ ရှေ့တန်း- အောင်ကောင်းမာန်တို့ဖြင့် (၄း၂း၃း၁) ကစားဟန်အတိုင်း ပွဲထွက်ကစားခဲ့သည်။
အိမ်ရှင် စင်ကာပူ အသင်းအတွက် ပထမပိုင်း ၃၄ မိနစ်တွင် ဆာဖူဝမ် ဘာဟာရူဒင်၊ ၃၉ မိနစ်နှင့် ၄၅+၁ မိနစ်တွင် တိုက်စစ်မှူးအစ်ဆန် ဖန်ဒီ တို့ သွင်းယူသောဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်း အနေဖြင့် ပထမပိုင်းတွင်း ဂိုးကန်သွင်းခွင့် အချို့ရရှိခဲ့သော်လည်း အပိုင်သွင်းယူနိုင်ခဲ့ခြင်း မရှိပေ။ ဒုတိယပိုင်းတွင် မြန်မာအသင်း ကစားသမား အပြောင်းအလဲ ပြုလုပ်၍ ချေပဂိုး ရရှိရန် ကြိုးစားခဲ့သော်လည်း စင်ကာပူ နောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်မှုများကြောင့် ဂိုးရရှိခဲ့ခြင်း မရှိပေ။ မြန်မာအသင်းသည် ဒုတိယပိုင်းတွင် အောင်ကောင်းမာန်အစား လွင်မိုးအောင်၊ ဇော်ရဲထွန်းအစား ဟိန်းဖြိုးဝင်း၊ ဆမ်လမ်မန်အစား ဝင်းနိုင်ထွန်း၊ ဟိန်းထက်အောင်အစား ထက်ဖြိုးဝေ၊ ရန်နိုင်ဦးအစား မြတ်ကောင်းခန့်တို့ ထည့်သွင်းခဲ့ပြီး ချေပဂိုး ရရှိရေး ကြိုးပမ်းခဲ့သည်။ ဒုတိယပိုင်းတွင် ဝင်းနိုင်ထွန်း၊ ထက်ဖြိုးဝေ၊ လွင်မိုးအောင်တို့ ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိဘဲ ပထမပိုင်းရလဒ် အတိုင်းသာ ပွဲပြီးခဲ့သည်။
မြန်မာအသင်း အနေဖြင့် ပွဲဦးထွက် အရေးနိမ့်ခဲ့မှုကြောင့် အုပ်စုနောက်ဆုံးနေရာ ရောက်ရှိနေပြီး လာမည့် ဒီဇင်ဘာ ၈ ရက်နေ့တွင် အရှေ့တီမော အသင်းနှင့် အုပ်စု ဒုတိယမြောက်ပွဲစဉ်အား ဆက်လက် ကစားရမည်ဖြစ်သည်။ လက်ရှိအုပ်စု ရပ်တည်မှုတွင် စင်ကာပူက ပထမနေရာ၊ ထိုင်းက ဒုတိယ နေရာတို့မှ အသီးသီး ဦးဆောင်လျက်ရှိသည်။