Myanmar bags important win over Timor-Leste
December 8, 2021ရွှေခေတ် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းနှင့် နည်းစနစ်အကြံပေး ဆရာ ဦးတင်ဟန် ကွယ်လွန်
December 28, 2021စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပလျက် ရှိသည့် AFF Suzuki Cup 2020 ပြိုင်ပွဲ အုပ်စု(က)ပွဲစဉ် တစ်ပွဲဖြစ်သည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် ထိုင်းလက်ရွေးစင် အသင်းတို့ ပွဲစဉ်အား ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ည ၈း၃၀ နာရီက စင်ကာပူ အမျိုးသား အားကစားကွင်းတွင် ကျင်းပခဲ့ရာ ထိုင်းအသင်းက (၄း၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းတွင် ဒဏ်ရာရရှိနေသည့် နောက်ခံလူများ ဖြစ်သည့် ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ရဲမင်းသူတို့ ပါဝင်နိုင်ခြင်း မရှိဘဲ ဂိုး-မျိုးမင်းလတ်၊ နောက်တန်း- ဒေးဗစ်ထန်၊ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ ဆမ်လမ်မန်၊ အလယ်တန်း- မောင်မောင်ဝင်း၊ လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ ရှေ့တန်း- သန်းပိုင်တို့ဖြင် ပွဲထွက်ခဲ့သည်။
ထိုင်းအသင်းသည် ပွဲစသည်နှင့် မြန်မာအသင်းအား ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ဂိုးရရန် ကြိုးပမ်းခဲ့ပြီး မြန်မာအသင်း ဘက်မှလည်း ခံစစ်ကို ကျစ်လစ်စွာ စုစည်း၍ တန်ပြန်တိုက်စစ်ကို ပုံဖော်ခဲ့သည်။ ပွဲချိန် ၂၃ မိနစ်တွင် ဝါရင့်တိုက်စစ်မှူး Dangda က ၁၈ ကိုက်ထိပ်မှ အမှတ်မထင် ကန်သွင်းယူ၍ ထိုင်းအသင်း ဗွေဆော်ဦးဂိုး ရရှိခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်း ညာတောင်ပံမှ ဟိန်းထက်အောင် ဧရိယာအတွင်း ဖြတ်ဝင်၍ အပိုင် ကန်သွင်းယူခဲ့သော်လည်း ဂိုးကံခေသွားခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်း ချေပဂိုး ရရှိရေးအတွက် ပြင်ဆင်ခဲ့သော်လည်း ပွဲချိန် ၅၃ မိနစ်တွင် ဂိုးသမား ပုတ်ထုတ်မှုမှ ပြန်ထွက်လာသည့် ဘောလုံးကို ဟိန်းဖြိုးဝင်း ထပ်ဆင့်ကာကွယ် ရာမှ ဒိုင်က ပင်နယ်တီ သတ်မှတ်ခဲ့သည်။ ပင်နယ်တီကို Dangda ကပင် ကန်သွင်းယူနိုင်ခဲ့သည့် အတွက် (၂း၀)ဂိုးဖြင့် ထိုင်းအသင်း အနိုင်ရရှိနေပြီး မြန်မာအသင်း ချေပဂိုး ရရှိရေးအတွက် ပိုမိုခက်ခဲသွားခဲ့သည်။
မြန်မာအသင်း အနေဖြင့် ဒုတိယပိုင်းတွင် လှိုင်းဘိုဘို အစား ရန်နိုင်ဦး၊ မောင်မောင်ဝင်း အစား ဝင်းနိုင်ထွန်း၊ သန်းပိုင် အစား အောင်ကောင်းမာန်တို့ ထည့်သွင်း၍ ချေပဂိုး ရရှိရန် ကြိုးစားခဲ့သည်။ ဒုတိယပိုင်းတွင် လူစားဝင်လာသည့် ဝင်းနိုင်ထွန်း သေချာပေါက် ဂိုးရနိုင်မည့် အခွင့်အရေး ၂ ကြိမ်ရရှိခဲ့သော်လည်း တိုင်ထိထွက်ခဲ့သဖြင့် ချေပဂိုး ကံခေခဲ့ရသည်။ ပွဲချိန် ၇၈ မိနစ်တွင် လူစားဝင် ကစားသမား Worachit နှင့် ၉၀+၂ မိနစ်တွင် Sarachat တို့က ထိုင်းအသင်းအတွက် ထပ်မံသွင်းယူခဲ့ကြသဖြင့် ပွဲအပြီးတွင် မြန်မာအသင်း (၄း၀)ဖြင့် အရေးနိမ့်ခဲ့သည်။