The 4th MFF Congress 2021
December 31, 2021အိန္ဒိယနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှဖလား အမျိုးသမီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လူစာရင်း ထုတ်ပြန်
January 12, 2022မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် လာမည့် ဖေဖော်ဝါရီလအတွင်းကျင်းပမည့် အာဆီယံယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်များကို ဇန်နဝါရီ ၁၀ရက်နေ့က စတင်ပြုလုပ်ခဲ့သည်။
မြန်မာယူ-၂၃အသင်းကို ပဏာမလက်ရွေးစင် ကစားသမား ၃၀ဦးဖြင့် ဖွဲ့စည်းထားပြီး သုဝဏ္ဏလက်ရွေးစင်အဆောင်တွင် ကိုဗစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စခန်းသွင်းလေ့ကျင့်လျက်ရှိပါသည်။နည်းပြချုပ်အဖြစ် ဗယ်လီဇာပိုပေါ့ဗ်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လေ့ကျင့်ရေး အစီအစဉ်များပြုလုပ်နေပါသည်။ အသင်းကိုပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကျင်းပခဲ့သည့် အာရှယူ-၂၃ခြေစစ်ပွဲတွင် ပါဝင်ခဲ့သည့် ကစားသမားအများစုနှင့် အခြေခံဖွဲ့စည်းထားပြီး ယူ-၁၉အသင်းမှ ကစားသမားများကိုလည်း ထပ်ပေါင်းအားဖြည့်ခေါ်ယူထားသည်။
AFF U-23 Championship (အာဆီယံယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲ) ကို ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းက အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။ အုပ်စု(က)တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အရှေ့တီမော၊ ဘရူနိုင်း၊ အုပ်စု(ဂ)တွင် ထိုင်း၊ဗီယက်နမ် နှင့် စင်ကာပူအသင်းတို့ပါဝင်သည်။
ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ရက်မှ ၂၆ရက် အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုသုံးခုမှ အုပ်စုပထမ သုံးသင်းနှင့် အကောင်းဆုံးဒုတိယရရှိသောအသင်းတစ်သင်းသည် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းသည် အဆိုပါအာဆီယံပြိုင်ပွဲအပြီးတွင် မေလအတွင်းကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် ဆက်လက်ပြင်ဆင်လေ့ကျင့်သွားမည်ဖြစ်သည်။