အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်များစတင်ပြုလုပ်နေသည့် မြန်မာယူ-၂၃အသင်း
January 11, 2022မြန်မာအမျိုးသမီး ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေး အာရှဖလားအမျိုးသမီးပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် ထွက်ခွာ
January 14, 2022မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် အမျိုးသမီးအာရှဖလား အုပ်စု(ဂ)တွင် ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အုပ်စုပွဲစဉ်များကို အိန္ဒိယနိုင်ငံ Pune , Mumbai မြို့တို့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ အမျိုးသမီး အသင်းအနေဖြင့် ဇန်နဝါရီ ၂၁ တွင် ဂျပန် အသင်း၊ ဇန်နဝါရီ ၂၄ တွင် တောင်ကိုရီးယား အသင်း၊ ဇန်နဝါရီ ၂၇ တွင် ဗီယက်နမ် အသင်းတို့နှင့် ကစားရမည် ဖြစ်သည်။
အဆိုပါ အာရှဖလား ပြိုင်ပွဲသို့ ကစားသမား ၂၃ ဦး လိုက်ပါသွားပြီး နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။ မြန်မာ လက်ရွေးစင် အမျိုးသမီး အသင်းကို ယူ–၁၆၊ ယူ–၁၉ အသင်းများမှ ထွက်ပေါ်လာသော မျိုးဆက်သစ် ကစားသမား အများစုနှင့် အတွေ့အကြုံရှိ ကစားသမားများကို ပေါင်းစပ်ဖွဲ့စည်း ထားသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လူစာရင်း
အသင်းအုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး
နည်းပြချုပ်- ဦးတင်မြင့်အောင်
လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဦးဘိုဘိုအောင်၊ ဒေါ်သူဇာထွေး
ဂိုးနည်းပြ- ဦးယဉ်မင်းအောင်
အသင်းဆရာဝန်- ဒေါက်တာယုနန္ဒာထွန်း
အကြောကျွမ်းကျင်- ဦးလွင်ဦးကို
Media officer- ဦးအောင်သော်ဖြိုး
Video Analyst- ဦးမြတ်စိုးသူ
Security Officer -ဒေါ်ဆုပြည့်စုံအောင်
ဂိုး- မေဇင်နွယ်၊ ဇူးလတ်နဒီ၊ ခိုင်ဇာဝင်း
နောက်တန်း- အေးအေးမိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ အိအိကျော်၊ခင်သန်းဝေ
အလယ်တန်း- သင်းသင်းယု၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ၊ ဝင်းဝင်း၊ နော်ထက်ထက်ဝေ
ရှေ့တန်း- ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုးဝေ၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ နှင့်ပွင့်အေး၊ နုနု