အိန္ဒိယနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှဖလား အမျိုးသမီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လူစာရင်း ထုတ်ပြန်
January 12, 2022မြန်မာနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် အာရှဖလားအမျိုးသမီး ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်
January 20, 2022မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး တစ်ဦးဖြစ်သူ ဒေါ်သိန်းသိန်းအေးသည် အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် အာရှဖလားအမျိုးသမီး ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် ဇန်နဝါရီ ၁၃ ရက်ကထွက်ခွာသွားခဲ့သည်။
အိန္ဒိယ နိုင်ငံတွင် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကျင်းပမည့် အာရှဖလားအမျိုးသမီး ပြိုင်ပွဲတွင်အသင်းပေါင်း ၁၂ သင်းပါဝင်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပြီး အုပ်စု သုံးစုဖြင့် ကျင်းပမည်ဖြစ်သည်။
ဒေါ်သိန်းသိန်းအေးသည် အာဆီယံအဆင့်၊ အာရှ အဆင့် ပြိုင်ပွဲများတွင်သာမက၊ ကမ္ဘာ့အဆင့် လူငယ်ပြိုင်ပွဲတွင်လည်း တာဝန်ထမ်းဆောင်ဖူးသည့် မြန်မာအမျိုးသမီး ဒိုင်လူကြီး တစ်ဦးဖြစ်သည်။ ထို့အပြင် ဒေါ်သိန်းသိန်းအေးသည် အာရှဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် ဗီဒီယို လက်ထောက်ဒိုင်လူကြီး ၂၀၂၁ (VAR) သင်တန်းကိုလည်း ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့တွင် တက်ရောက်ထားသူဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ၂၀၂၂ ခုနှစ်အတွက် ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီး ၁၈ ဦးရှိပြီး အမျိုးသား ကွင်းလယ်ဒိုင် ၄ ဦး၊ အမျိုးသမီး ကွင်းလယ်ဒိုင် ၃ဦး၊ အမျိုးသား အကူဒိုင် ၆ဦး၊ အမျိုးသမီး အကူဒိုင် ၃ဉီးနှင့် ဖူဆယ် အမျိုးသားဒိုင်လူကြီး ၂ ဦးတို့ဖြစ်ကြသည်။