မြန်မာအမျိုးသမီး ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေး အာရှဖလားအမျိုးသမီးပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် ထွက်ခွာ
January 14, 2022အာရှဖလား(အမျိုးသမီး) အဖွင့်ပွဲစဉ်တွင် ဂျပန်ကို မြန်မာအသင်း အရေးနိမ့်
January 21, 2022၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ အုပ်စု (ဂ) အဖွင့်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဂျပန် အမျိုးသမီးအသင်းတို့ ဇန်နဝါရီလ ၂၁ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် အိန္ဒိယနိုင်ငံ၊ Pune မြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှင့်အတူ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည့် အာရှဖလားပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။ “မြန်မာအသင်းအနေနဲ့ ခြေစစ်ပွဲအောင်မြင်ပြီးကတည်းက ဒီပြိုင်ပွဲအတွက် စတင်ပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခုရရှိခဲ့ပေမယ့် ကိုဗစ်အခြေအနေကြောင့် ပြင်ဆင်ထားတဲ့ နိုင်ငံတကာခြေစမ်းပွဲ တွေ မကန်ခဲ့ရပါဘူး။ ဒီချိန်က ပုံမှန်အချိန်တွေလိုမျိုးမဟုတ်ဘဲ ခက်ခဲတဲ့ အခြေအနေကြီးမှာ အကောင်းဆုံးလေ့ကျင့်ကစားပေးတဲ့ ကစားသမားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်ပါ တယ်။ ဂျပန်အသင်းက အမျိုးသမီးဘောလုံးမှာ အင်အားကြီးတဲ့ အသင်းတစ်သင်းပါ။ ကျွန်တော်တို့အနေနဲ့ လုပ်နိုင်စွမ်းရှိသမျှအကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ကစားသွားပါမယ်” ဟု မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် ဦးတင်မြင့်အောင်က ပြောသည်။ “ဂျပန်အသင်းကိုမှ မဟုတ်ပါဘူး အုပ်စုတွင်းမှာရှိတဲ့ တောင်ကိုရီးယား၊ ဗီယက်နမ် အသင်းတွေနဲ့ ပွဲစဉ်တွေမှာလည်း အကောင်းဆုံးယှဉ်ပြိုင်ကစားသွားပါမယ်။ အခုလို အင်အားကြီးအသင်းတွေနဲ့ ကျရောက်တဲ့ အုပ်စုပွဲစဉ်တွေကို ကစားဖို့အတွက် တကယ်စိတ်လှုပ်ရှားနေပါပြီ။ စိုးရိမ်စိတ်တော့မရှိပါဘူး။ ကျွန်တော်တို့ဘက်က လုပ်နိုင်သမျှအကောင်းဆုံး ကစားသွားမှာပါ။ အသင်းဖော်တွေလည်း ထပ်တူကြိုးစားကစားမယ်လို့ယုံကြည်ပါတယ်” ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ခင်မာလာထွန်း ကပြောသည်။