အာရှဖလား(အမျိုးသမီး) အဖွင့်ပွဲစဉ်တွင် ဂျပန်ကို မြန်မာအသင်း အရေးနိမ့်
January 21, 2022ဒုတိယပိုင်းသွင်းဂိုးများဖြင့် တောင်ကိုရီးယားအသင်းကို ရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
January 24, 2022ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် အာရှဖူဆယ်ချန်ပီယံရှစ် ခြေစစ်ပွဲ (အာဆီယံ ဖူဆယ်ချန်ပီယံရှစ်)ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်မှုကို ဇန်နဝါရီ ၂၃ ရက်က စတင်ပြုလုပ်နေပြီဖြစ်သည်။
ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် လက်ရှိအချိန်တွင် ကစားသမား ၂၂ ဦး၊ အုပ်ချုပ်နည်းပြ ၉ ဦးဖြင့် သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများအဆောင်တွင် စခန်းဝင်လေ့ကျင့်နေခြင်းဖြစ်သည်။ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းအနေဖြင့် ဧပြီလ တွင် အာရှဖူဆယ်ချန်ပီယံရှစ် ခြေစစ်ပွဲ (အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ)ကို ထိုင်းနိုင်ငံတွင် လည်းကောင်း၊ မေလတွင် ဆီဂိမ်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံတွင် လည်းကောင်း သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့အပြင် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် ပြိုင်ပွဲများမတိုင်မီ ပြည်ပလေ့ကျင့်ခြေစမ်းခရီးများ သွားရောက်ရန် စီစဉ်ထားသည်။
မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း လူစာရင်း
အုပ်ချုပ်/နည်းပြအဖွဲ့
အဖွဲ့ခေါင်းဆောင် – ဒေါက်တာရဲမွန်ထွဋ်
အသင်းမန်နေဂျာ – ဦးရဲဝင်းထွန်း
နည်းပြချုပ် – Mr. Bunlert Cheowarang (ထိုင်း)
လက်ထောက်နည်းပြများ – ဦးဌေးမြင့်၊ ဦးကျော်ဇင်ညွှန့်
ဂိုးနည်းပြ – ဦးထွန်းထွန်းလတ်
ကြံ့ခိုင်ရေးနည်းပြ – Mr.Tawan Wutti (ထိုင်း)
အကြောကျွမ်းကျင် – ဦးအောင်အောင်
မီဒီယာ အရာရှိ – ဦးညီညီမိုဃ်းအောင်
ဂိုးသမားများ
ကျော်ထက်အောင် (MIU FC)၊ ဇွဲပြည့်စုံ (VUC FC)၊ မိုးမင်းအောင် (Myoma FC)။
ကစားသမားများ
ဟိန်းမင်းစိုး (MIU FC)၊ မျိုးမြင့်စိုး (VUC FC)၊ ဇော်ဝဏ္ဏ (Myoma FC)၊ကိုကိုလွင် (MIU FC)၊ စိုင်းပြုံးအောင် (MIU FC)၊ ဝေဇင်ဦး (VUC FC)၊ ထက်မြတ်ထွန်း (M2K FC)၊ ထက်မြတ်နိုင် (Myoma FC)၊ မျိုးသက်အောင် (MIU FC)၊ ငြိမ်းမင်းစိုး (VUC FC)၊ ထွဋ်ဝေထွန်း (VUC FC)၊ ချမ်းသာ (VUC FC)၊ ထွန်းအောင်ကျော် (Dream Team FC)၊ သိုင်းဘွဲ့အောင် (M2K FC)၊ ခင်ဇော်လင်း (MIU FC)၊ ရဲမင်းခန့် (MIU FC)၊ နိုင်လင်းထွန်းကျော် (VUC FC)၊ လှိုင်မင်းထွန်း (MIU FC)၊ အောင်ဇင်ဦး (VUC FC)။