ဒုတိယပိုင်းသွင်းဂိုးများဖြင့် တောင်ကိုရီးယားအသင်းကို ရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
January 24, 2022အာရှဖလား ကွာတားဖိုင်နယ်တွင် ကွင်းလယ်ဒိုင်အဖြစ် ဒေါ်သိန်းသိန်းအေး တာဝန်ယူ
January 30, 2022အမျိုးသမီး အာရှဖလား အုပ်စု (ဂ) အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီ ၃၀မိနစ်တွင် အိန္ဒိယ နိုင်ငံ နာဗီမွန်ဘိုင်းမြို့တွင် ယှဉ်ပြိုင်ခဲ့သည် မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့ပွဲစဉ်တွင် (၂-၂) ဂိုးဖြင့် သရေရလဒ်ထွက်
ပေါ်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် ဂိုးသမား မေဇင်နွယ်၊ ခင်သန်းဝေ၊ ချစ်ချစ်၊ အေးအေးမိုး၊ ဖြူဖြူဝင်း၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ နော်ထက်ထက်ဝေ၊ မြတ်နိုးခင် ၊ စန်းသော်သော်၊ ဝင်းသိင်္ဂီထွန်း
တို့ဖြင့် ပွဲထွက်ခဲ့သည်။
ပွဲစတင်သည်နှင့် တစ်ဘက်နှင့် တစ်ဘက် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၂၈မိနစ်တွင် နော်ထက်ထက်ဝေ၏ပေးပို့မှုကို မြတ်နိုးခင်ကန်သွင်းမည့်အချိန်တွင် ဗီယက်နမ်အသင်းမှ ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့သည့်အတွက် မြန်မာအသင်း ပင်နယ်တီရရှိခဲ့ပြီး တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းမှ အမှားအယွင်းမရှိကန်သွင်းခဲ့ပြီး မြန်မာအသင်း (၁-၀)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ပထမပိုင်းပြီးဆုံးပြီး နာကျင်အချိန်ပိုတွင် ဗီယက်နမ်အသင်းရရှိခဲ့သည် ထောင့်ကန်ဘောကို ကျောနံပါတ် ၇ တိုက်ရိုက်ကန်သွင်းရာမှ ဗီယက်နမ်အသင်း ချေပဂိုးရရှိခဲ့သည်။
ပွဲချိန် ၄၉မိနစ်တွင် ဝင်းသိင်္ဂီထွန်းပေးပို့မှုကို အသင်းခေါင်းဆောင်ခင်မာလာထွန်း အမှားအယွင်းမရှိပိတ်သွင်းခဲ့ပြီး မြန်မာအသင်း ဦးဆောင်ဂိုးထပ်မံရရှိခဲ့သည်။ ပွဲချိန်၆၄မိနစ်တွင် မြန်မာအသင်းဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့သည့်အတွက် ဗီယက်နမ်အသင်း ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပြီး အဆိုပါဂိုးကို အသင်း၏တိုက်စစ်မှူး အသင်းခေါင်းဆောင် ကျောနံပါတ် ၉မှ ကန်သွင်းခဲ့ပြီး ဗီယက်နမ်အသင်းချေပဂိုးရရှိခဲ့ပြီး ပွဲပြီးဆုံးသည်အထိ ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် (၂-၂)ဂိုး ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
အာရှဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၂သင်း အုပ်စု (၃)အုပ်စုဖြင့် ယှဉ်ပြိုင်ခဲ့ပြီး နောက်တဆင့်သို့ အုပ်စု ပထမ၊ဒုတိယ အသင်း (၆)သင်းနှင့်အတူ အကောင်းဆုံး တတိယ (၂)သင်း စုစုပေါင်း ၈သင်း တက်ရောက် ခွင့်ရရှိမည်ဖြစ်သည်။
မြန်မာ၊ဂျပန်၊တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်သည့် အုပ်စု(ဂ)တွင် ဂျပန်အသင်းက တောင်ကိုရီးယားအသင်းအထက် အဆင့် (၁)နေရာတွင် ရမှတ်တူဂိုးကွာခြားချက်ဖြင့်ရပ်တည်နိုင်ခဲ့သလို ဗီယက်နမ်အသင်းသည်လည်း မြန်မာအသင်းအထက် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် (၃)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။