သရေရလဒ်ထွက်ပေါ်ခဲ့သည့် မြန်မာအမျိုးသမီးအသင်းနှင့် ဗီယက်နမ်အမျိုးသမီးအသင်း
January 27, 2022အာဆီယံချန်ပီယံရှစ်အတွက်ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိနေသော မြန်မာယူ-၂၃အသင်း လေ့ကျင့်ရေးအစီအစဉ်များစတင်
February 9, 2022မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး တစ်ဦးဖြစ်သူ ဒေါ်သိန်းသိန်းအေးသည်
အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် အာရှဖလားအမျိုးသမီး ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်နေပြီး ယနေ့ ညနေ ၈:၃၀မိနစ်တွင် ယှဉ်ပြိုင်ခဲ့သည့်
တိုင်ပေအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် တရုတ်တိုင်ပေအသင်းကိုအနိုင်ရရှိခဲ့ပြီး ကွင်းလယ်ဒိုင်အဖြစ် ဒေါ်သိန်းသိန်းအေးနှင့်အတူ အကူဒိုင်လူကြီးအဖြစ် Edita Mirabidova (Uzbekistan) ၊ စည်းကြပ်ဒိုင်များအဖြစ် ဂျပန်နိုင်ငံမှ Makoto Bozono နှင့် Teshorogi Naomi တို့ဆောင်ရွက်ခဲ့ကြသည်။
အိန္ဒိယ နိုင်ငံတွင် ဇန်နဝါရီလ ၂၀ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာရှအမျိုးသမီး ပြိုင်ပွဲတွင် အသင်းပေါင်း ၁၂သင်းပါဝင်ယှဉ်ပြိုင်ကစားပြီး အုပ်စု သုံးစုဖြင့် ကျင်းပခဲ့ကာ ယခုအချိန်တွင် အမျိုးသမီးကမ္ဘာ့ဖလားဝင်ခွင့်ရရေးအတွက် အရေးပါသည့် ကွာတားဖိုင်နယ်ပွဲစဉ်များ စတင်ယှဉ်ပြိုင်နေပြီဖြစ်သည်။ မြန်မာ ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးသည် ယခု ကွာတားဖိုင်နယ်ပွဲစဉ်သာမက အုပ်စု(ခ)ပွဲစဉ်တစ်ပွဲဖြစ်သည် ဩစတြေးလျအသင်းနှင့်ထိုင်းအသင်းတို့ပွဲစဉ်ကိုလည်း ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။
ဒေါ်သိန်းသိန်းအေးသည် အာဆီယံအဆင့်၊ အာရှ အဆင့် ပြိုင်ပွဲများတွင်သာမက၊ ကမ္ဘာ့အဆင့် လူငယ်ပြိုင်ပွဲတွင်လည်း တာဝန်ထမ်းဆောင်ဖူးသည့် မြန်မာအမျိုးသမီး ဒိုင်လူကြီး တစ်ဦးဖြစ်သည်။ ထို့အပြင် ဒေါ်သိန်းသိန်းအေးသည် အာရှဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် ဗီဒီယို လက်ထောက်ဒိုင်လူကြီး ၂၀၂၁ (VAR) သင်တန်းကိုလည်း ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့တွင် တက်ရောက်ထားသူဖြစ်သည်။