အာဆီယံချန်ပီယံရှစ်အတွက်ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိနေသော မြန်မာယူ-၂၃အသင်း လေ့ကျင့်ရေးအစီအစဉ်များစတင်
February 9, 2022အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ မဲခွဲ
February 21, 2022မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၂၂ အသင်းသည် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမည့် ၂၀၂၂ ခုနှစ် အာဆီယံ အမျိုးသား ယူ၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ AFF U22 Championship 2022 အားပါဝင်ယှဉ်ပြိုင်ရန် အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့က သွားရောက်ခဲ့ပါသည်။ မြန်မာ ယူ၂၂ အသင်းတွင် အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် ၉ ဦး၊ ကစားသမား ၂၆ ဦးပါဝင်ပြီး အိမ်ရှင် ကမ္ဘောဒီးယား ဘောလုံးအဖွဲ့ချုပ် စီစဉ်မှုဖြင့် ဖနွမ်းပင်ဟိုတယ်တွင် တည်းခိုနေထိုင်ပြီး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါသည်။
မြန်မာ ယူ၂၂ အသင်း အနေဖြင့် မလေးရှား ယူ၂၂ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် အာဆီယံ ချန်ပီယံရှစ် ပွဲစဉ်အတွက် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းက PCR နှင့် RDT တို့ဖြင့်စစ်ဆေးမှုများ ခံယူခဲ့ရာတွင် ကစားသမား အချို့ Positive ရလဒ်ထွက်ပေါ်ခဲ့ပြီး ကျန်ရှိသည့် ကစားသမားများမှာလည်း ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းပျက်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း စသည့် ရောဂါလက္ခဏာများရှိပါသည်။
မြန်မာ ယူ၂၂ အသင်း၏ COVID 19 ကူးစက်ခံရမှုနှင့် ကစားသမားများ၏ ကျန်းမာရေး အခြေအနေများအရ ယနေ့ ယှဉ်ပြိုင်ကစားရမည့် မလေးရှား ယူ၂၂ အသင်းနှင့် ပွဲစဉ်အား ယှဉ်ပြိုင်ကစားနိုင်သည့် ကစားသမား အရေအတွက်မှာ လွန်စွာနည်းပါးနေပြီး အများစုမှာ ရောဂါလက္ခဏာ ပြသလျက်ရှိပါသည်။
မြန်မာ ယူ၂၂ အသင်းအနေဖြင့် မလေးရှားအသင်းနှင့် ပွဲစဉ်ယှဉ်ပြိုင်ချိန်တွင် ကစားသမားများ Positive ဖြစ်နေခဲ့ပါက ပြိုင်ဘက် မလေးရှားအသင်း ကစားသမားများ၊ နည်းပြ/အုပ်ချုပ် အဖွဲ့ဝင်များနှင့် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများအား ဆက်လက် ကူးစက်သွားနိုင်ခြင်း၊ ပြိုင်ပွဲတစ်ရပ်လုံးအား ထိခိုက်သွားစေနိုင်ခြင်း၊ ကစားသမားများ၏ ကျန်းမာရေး အခြေအနေများ ပိုမိုဆိုးရွားသွားစေနိုင်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသည်။ အထက်ပါ အခြေအနေများကြောင့် မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်းသည် လက်ရှိကျင်းပနေသည့် အာဆီယံ ယူ၂၂ ချန်ပီယံရှစ် ပြိုင်ပွဲအား ယနေ့တွင် မလွှဲမရှောင်သာ၍ နုတ်ထွက်ရခြင်း ဖြစ်ပြီး အာဆီယံ ဘောလုံး အဖွဲ့ချုပ်ကလည်း မြန်မာအသင်း၏ နုတ်ထွက်မှုကို နားလည်လက်ခံ အတည်ပြုခဲ့ပါသည်။
အုပ်စု(ခ)မှ မြန်မာအသင်းနှင့်အတူ အင်ဒိုနီးရှား အသင်းသည်လည်း ယခုပြိုင်ပွဲ စတင်ကာနီးတွင် COVID 19 ကူးစက်ခံရမှု အခြေအနေကြောင့် ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ပြီး ဖြစ်ရာ အုပ်စုအတွင်း မလေးရှားနှင့် လာအို တို့သာ ကျန်ရှိတော့ပြီး အာဆီယံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ပွဲစဉ်ရေးဆွဲမှု အခြေအနေများအား ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။