COVID 19 ကြောင့် အာဆီယံ ယူ၂၂ ချန်ပီယံရှစ် ပြိုင်ပွဲမှ မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်း နှုတ်ထွက်
February 15, 2022Myanmar is in Group F of the AFC Asian Cup China 2023 Qualifiers final round
February 24, 2022၂၀၂၂ ခုနှစ် အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ (၂၀၂၂ ခုနှစ် အာရှဖူဆယ် ချန်ပီယံရှစ် ခြေစစ်ပွဲ၊ အာဆီယံဇုန်) မဲခွဲပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပြုလုပ်ရာ မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် အုပ်စု (ခ) တွင် ဗီယက်နမ်၊ တီမော၊ ဩစတြေးလျ အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်။
အုပ်စု (က)တွင် အိမ်ရှင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း အသင်းတို၌ အတူကျရောက်နေသည်။ ပြိုင်ပွဲကို ဧပြီ ၃ ရက်မှ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Huamark Indoor Stadium တွင် ကျင်းပြုလုပ်မည် ဖြစ်သည်။
အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အသင်း သုံးသင်းမှာ စက်တင်ဘာ ၂၅ မှ အောက်တိုဘာ ၂၀ ထိ ကူဝိတ်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၂ ခုနှစ် အာရှဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။
ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်း အနေဖြင့် အာရှဖူဆယ်ချန်ပီယံရှစ် ခြေစစ်ပွဲ (အာဆီယံ ဖူဆယ်ချန်ပီယံရှစ်) ပြိုင်ပွဲနှင့် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်မှုကို ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာ ပြုလုပ်လျက်ရှိသည်။ ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် လက်ရှိအချိန်တွင် ကစားသမား ၂၂ ဦး၊ အုပ်ချုပ်နည်းပြ ၉ ဦးဖြင့် သုဝဏ္ဏကွင်း အတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် စခန်းဝင် လေ့ကျင့်နေခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် မတ်လအတွင်း ကျင်းပမည့် NSDF FUTSAL INVITATION 2022 ဖိတ်ခေါ် ပြိုင်ပွဲသို့လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး..ဖိတ်ခေါ်ပွဲပြိုင်ပွဲပြီးသည့်နောက် ၁၀ရက်ခန့် ဘနိကောက်တွင် Joint Training & ခြေစမ်းပွဲများကစားရန်လေ့ကျင့်သွားပြီး AFF ပြိုင်ပွဲသို့ဆက်လက်ဝင်ရောက်ယှဥ်ပြိုင်သွားမည် ဖြစ်သည်။
ထိုင်းဖိတ်ခေါ် ပြိုင်ပွဲကို မတ်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ထိုင်းလက်ရွေးစင်အသင်း အပါအဝင် မြန်မာ၊ မွန်ဂိုလီးယား၊ တာဂျီကစ္စတန်၊ မော်လ်ဒိုက်၊ အိုမန် လက်ရွေးစင် အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။