Myanmar is in Group F of the AFC Asian Cup China 2023 Qualifiers final round
February 24, 2022မြန်မာ ဖူဆယ်အသင်းပါဝင်ယှဉ်ပြိုင်မည့် ဖိတ်ခေါ်ဖလား အုပ်စုပွဲစဉ်များ ထွက်ပေါ်
March 4, 2022၂၀၂၃ ခုနှစ် အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲ တတိယအဆင့် (AFC Asian Cup China 2023™ Qualifiers Final Round) အတွက်
အုပ်စုပွဲစဉ်များ မဲခွဲပွဲကို ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းသည် အုပ်စု (စ)တွင်
ကာဂျစ္စတန်၊ တာဂျီကစ္စတန်၊ စင်ကာပူ အသင်းတို့နှင့် အတူ ကျရောက်နေသည်။
ခြေစစ်ပွဲ အုပ်စု (စ) ပွဲစဉ်များကို ကာဂျစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် တစ်အုပ်စုတည်း အတူကျရောက်ခဲ့ဖူးသည့် ကာဂျစ္စတန်၊ တာဂျီကစ္စတန် အသင်းတို့နှင့် ပြန်လည်ဆုံတွေ့နေခြင်းလည်း ဖြစ်သည်။
ခြေစစ်ပွဲ တတိယအဆင့်တွင် အသင်းပေါင်း ၂၄ သင်းကို အုပ်စု (၆)ခု ခွဲထားပြီး အုပ်စု ပထမ တစ်သင်းစီနှင့် အကောင်းဆုံး အုပ်စု ဒုတိယ (၅) သင်း၊ စုစုပေါင်း ၁၁ သင်းမှာ ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။
နောက်ဆုံး အဆင့်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်မှ ဇူလိုင်လ ၁၆ ရက်အထိ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အာရှဖလား ခြေစစ်ပွဲ ဒုတိယအဆင့် (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်) မှ ခြေစစ်ပွဲအောင်မြင်လာသည့် အသင်း ၁၂ သင်း၊ တတိယအဆင့်မှ ခြေစစ်ပွဲ အောင်မြင်လာသည့် အသင်း ၁၁ သင်းနှင့် အိမ်ရှင် တရုတ်အသင်း၊ စုစုပေါင်း ၂၄ သင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်တွင် ရမှတ် ၆ မှတ် ရရှိခဲ့သောကြောင့် အာရှဖလား ခြေစစ်ပွဲကို တတိယအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။