
အာရှဖလား ခြေစစ်ပွဲ တတိယ အဆင့်တွင် မြန်မာအသင်း အုပ်စု (စ) ၌ ကျရောက်
February 24, 2022
Myanmar to compete NSDF Futsal Invitation Championship
March 5, 2022မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ (အာရှဖူဆယ်ချန်ပီယံရှစ် ခြေစစ် ပွဲ)အတွက် ကြိုတင်ပြင်ဆင်မှုအဖြင့် ထိုင်းနိုင်ငံတွင် ကျင်းပမည့် NSDF Futsal Invitation Championship 2022 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထိုပြိုင်ပွဲကို အိမ်ရှင် ထိုင်းအသင်း၊ မြန်မာအသင်း၊ အိုမန်အသင်း၊ အီရန်အသင်း၊ မော်လ်ဒိုက်အသင်းနှင့် မွန်ဂိုလီးယား အသင်းတို့ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲ၏ မဲခွဲမှုကို မတ်လ ၄ ရက်က ကျင်းပပြုလုပ် ခဲ့သည်။ မတ်လ ၁၅ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်မည့် ထိုပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(ခ)တွင် အီရန်၊ မွန်ဂိုလီးယား အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် မတ်လ ၁၆ ရက် တွင် မွန်ဂိုလီးယားအသင်း၊ မတ်လ ၁၇ရက်တွင် အီရန် အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မတ်လ ၁၉ ရက်တွင် ပဉ္စမနေရာလုပွဲနှင့် အကြိုဗိုလ်လုပွဲများကို ကျင်းပမည်ဖြစ်ပြီး မတ်လ ၂၀ ရက်တွင် တ တိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ကျင်းပမည်ဖြစ်သည်။

ထိုပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ပြီး အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဩစတြေးလျ၊ အရှေ့တီမော၊ ဗီယက်နမ် အသ င်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။