Myanmar to compete NSDF Futsal Invitation Championship
March 5, 2022ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း လေ့ကျင့်မှုပြုလုပ်နေ
March 9, 2022မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယနေ့ မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် AFC Women’s Football Day 2022 အစီအစဉ်များကို မတ်လ ၇ နှင့် ၈ ရက်နေ့များတွင် သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် International Women’s Day ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီး နည်းပြများ၊ အမျိုးသမီး ဒိုင် လူကြီးများ၊ အမျိုးသမီး ကစားသမားငယ်များ ပါဝင်သည့် AFC Women’sFootball Day 2022 အစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
မတ်လ ၇ နေ့က သုဝဏ္ဏအားကစားကွင်းရှိ Press Conference Room တွင် ပြုလုပ်ခဲ့သည့် Women Football Coaches Development Workshop အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်နှင့် အမျိုးသမီးဘောလုံးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်မြတ်မြတ်ဦး၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ အမျိုးသမီး ဘောလုံးနည်းပြများ၊ အမျိုးသ မီး ဒိုင်လူကြီးများ၊မျိုးဆက်သစ် အမျိုးသမီးကစားသမားငယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အထွေထွေအတွင်းရေးမှူး ဦးကို ကိုသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
Women Football Coaches Development Workshop တွင် အမျိုးသမီး ဘောလုံးနည်းပြများ ပေါ်ထွက်ရေး၊ အမျိုးသမီး ဒိုင်လူကြီးများ စွမ်းရည်တိုးတက်လာရေး စသည်များကို သင်တန်းဆရာများက သင်ကြားပို့ချပြီး သင်တန်းသို့ တက်ရောက်ခဲ့သည့် အမျိုးသမီး ဘောလုံးနည်းပြများ၊ အမျိုးသမီး ဒိုင်လူကြီးများ၊ မျိုးဆက်သစ် အမျိုးသမီးကစားသမားငယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ယင်းနောက် သင်တန်းတက်ရောက်သူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် AFC Women’s Football Day 2022 အစီအစဉ်အဖြစ် သုဝဏ္ဏအားကစားကွင်း၌ အမျိုးသမီးအသင်း ၄ သင်း ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ပါသည်။