ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း လေ့ကျင့်မှုပြုလုပ်နေ
March 9, 2022FIFA Futsal Law of The Game 2021-22
March 14, 2022မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ် အသင်းသည် NSDF Futsal Invitation Championship 2022 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်နှင့် အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်မှုများပြုလုပ်ရန် ထိုင်းနိုင်ငံသို့ မတ်လ ၁၂ ရက် နံနက်ပိုင်းက ထွက်ခွာသွားခဲ့သည်။
NSDF Futsal Invitation Championship 2022 ပြိုင်ပွဲကို အိမ်ရှင် ထိုင်းအသင်း၊ မြန်မာအသင်း၊ အိုမန်အသင်း၊ အီရန်အသင်း၊ မော်လ်ဒိုက်အသင်းနှင့် မွန်ဂိုလီးယား အသင်းတို့ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အုပ်စု(ခ)တွင် အီရန်၊ မွန်ဂိုလီးယား အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် မတ်လ ၁၆ ရက် တွင် မွန်ဂိုလီးယားအသင်း၊ မတ်လ ၁၇ရက်တွင်အီရန် အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ထို့နောက် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ပြီး အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဩစတြေးလျ၊ အရှေ့တီမော၊ ဗီယက်နမ် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း လူစာရင်း
အုပ်ချုပ်/နည်းပြအဖွဲ့
အဖွဲ့ခေါင်းဆောင် – ဒေါက်တာရဲမွန်ထွဋ်
အသင်းမန်နေဂျာ – ဦးရဲဝင်းထွန်း
နည်းပြချုပ် – Mr. Bunlert Cheowarang (ထိုင်း)
လက်ထောက်နည်းပြများ – ဦးဌေးမြင့်၊ ဦးကျော်ဇင်ညွှန့်
ဂိုးနည်းပြ – ဦးထွန်းထွန်းလတ်
ကြံ့ခိုင်ရေးနည်းပြ – Mr.Tawan Wutti (ထိုင်း)
အကြောကျွမ်းကျင် – ဦးအောင်အောင်
ဂိုးသမားများ
ကျော်ထက်အောင် (MIU FC)၊ ဇွဲပြည့်စုံ (VUC FC)၊ မိုးမင်းအောင် (Myoma FC)။
ကစားသမားများ
ဟိန်းမင်းစိုး (MIU FC)၊ မျိုးမြင့်စိုး (VUC FC)၊ ဇော်ဝဏ္ဏ (Myoma FC)၊ကိုကိုလွင် (MIU FC)၊ စိုင်းပြုံးအောင် (MIU FC)၊ ဝေဇင်ဦး (VUC FC)၊ ထက်မြတ်ထွန်း (M2K FC)၊ ထက်မြတ်နိုင် (Myoma FC)၊ မျိုးသက်အောင် (MIU FC)၊ ငြိမ်းမင်းစိုး (VUC FC)၊ ထွဋ်ဝေထွန်း (VUC FC)၊ ချမ်းသာ (VUC FC)၊ ထွန်းအောင်ကျော် (Dream Team FC)၊ သိုင်းဘွဲ့အောင် (M2K FC)၊ ခင်ဇော်လင်း (MIU FC)၊ ရဲမင်းခန့် (MIU FC)၊ နိုင်လင်းထွန်းကျော် (VUC FC)၊ လှိုင်မင်းထွန်း (MIU FC)၊ အောင်ဇင်ဦး (VUC FC)။