NSDF ဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာအသင်း အနိုင်ရ
March 16, 2022မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း NSDF ဖူဆယ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်နှင့် လွဲချော်
March 19, 2022မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် NSDF Futsal InvitationChampionship 2022 ပြိုင်ပွဲတွင် ဒုတိယမြောက် ပွဲစဉ်အဖြစ် အီရန် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မတ် ၁၇ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂း၃၀ အချိန်တွင် ယှဉ်ပြိုင်ကစားခဲ့သော ယင်းပွဲစဉ်တွင် မြန်မာအသင်း အနေဖြင့် မွန်ဂိုးလီးယား အသင်းကို အနိုင်ရရှိသော ပွဲစဉ်မှ ကစားသမား နှစ်ဦးကို အပြောင်းအလဲ ပြုလုပ်ပြီး အီရန် အသင်းကို ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် အီရန် အသင်းကို ၂-၀ ဂိုးဖြင့် ရှံးနိမ့်ခဲ့ရသော်လည်း ယင်း ပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကို မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ ဂိုးသမား ကျော်ထက်အောင် ကရရှိခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းကစားသမားများ အနေဖြင့် NSDF Futsal Invitation Championship 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ် နှစ်ပွဲယှဉ်ပြိုင်ရာတွင် နှစ်ပွဲစလုံး၌ မြန်မာကစားသမားများက အကောင်းဆုံးဆုများကို ရယူနိုင်ခဲ့သည်။
မြန်မာအသင်းအနေဖြင့် ယင်းပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ရသော်လည်း ဆီမီးဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပြီး မတ်လ ၁၉ ရက်တွင် အုပ်စု (က)မှ အုပ်စုပထမရရှိသော အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။