NSDF ဖူဆယ်ပြိုင်ပွဲ၏ အသန့်ရှင်းဆုံး ဆုနှင့် အကောင်းဆုံး ဂိုးသမားဆုကို မြန်မာအသင်း ရရှိ
March 20, 2022MFF နှင့် ဒိုင်ကော်မတီတို့ ပူးပေါင်း၍ FOOTBALL/ FUTSAL ဒိုင်သင်တန်းဆင်းပွဲကျင်းပ
March 28, 2022မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နှင့် ဒိုင်ကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်သော MFF Future & Development Group of Referee program Module -1 (Football/ Futsal) သင်တန်းဖွင့်ပွဲကို မတ် ၂၄ရက် မွန်းလွဲ ၁ နာရီ အချိန်က သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။
ယင်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တ က်ရောက်ခဲ့ကြပြီး ဦးဘန်နီတင်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
မတ် ၂၄ မှ ၂၈ ရက်အထိဖွင့်လှစ်မည့် ယင်းသင်တန်းသို့ အသက် ၃၅ နှစ်အောက် ဖူဆယ်ဒိုင်လူကြီးများ၊ ကွင်း လယ်ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများ ဖြစ်ကြသည့် သင်တန်းသား ၁၆ ဦးနှင့် သင်တန်းသူ ၃ ဦးတက် ရောက်ကြမည်ဖြစ်သည်။
ယင်းသင်တန်းသို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအနက် AFC Referee Academy တက်ရောက်နေသော သင်တန်းသား ၂ ဉီးနှင့် သင်တန်းသူ ၁ ဦးပါဝင်သည်။
AFC Referee Academy တက်ရောက်သူများအနက် ဦးဖြိုးထက်အောင်သည် ၂၀၁၈ ခုနှစ် (Batch 2) က စတင် တက်ရောက်နေသူဖြစ်ပြီး ယခုအချိန်တွင် တတိယနှစ်ကို ရောက်ရှိနေပြီဖြစ်သည်။ ဦးသူရဇော်နှင့် ဒေါ်ခင်ငြိ မ်းချမ်း တို့နှစ်ဦးမှာ ၂၀၂၂ခုနှစ် (Batch 4)တွင် ပထမနှစ်အဖြစ် စတင်တက်ရောက်ရမည် ဖြစ်သည်။
MFF Future & Development Group of Referee program ၏ Module 2 ကို မေလတွင် လည်းကောင်း၊ Module 3 ကိုဩဂုတ်လတွင်လည်းကောင်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်သည်။