MFF နှင့် ဒိုင်ကော်မတီတို့ ပူးပေါင်း၍ FOOTBALL/ FUTSAL ဒိုင်သင်တန်းဆင်းပွဲကျင်းပ
March 28, 2022AFF Futsal Championship 2022 ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကျင်းပ
April 3, 2022AFF Futsal Championship 2022 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း၏ အပြီးသတ် ကစားသမား ၁၄ဦး စာရင်းကို နည်းပြချုပ် Mr. Bunlert Cheowarang ကထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ယင်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် NSDF ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ထိုင်နိုင်ငံတွင် ဆက်လက်နေထိုင်ကာ ကစားသမား ၂၂ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိရာ ယခုအခါတွင် အပြီးသတ် ကစားသမား ၁၄ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အပြီးသတ်ရွေးချယ်ခံရသော ကစားသမားများ
ဂိုးသမားများ
ကျော်ထက်အောင် (MIU FC)၊ ဇွဲပြည့်စုံ (VUC FC)
ကစားသမားများ
ဟိန်းမင်းစိုး (MIU FC)၊ မျိုးမြင့်စိုး (VUC FC)၊ ကိုကိုလွင် (MIU FC)၊ ဝေဇင်ဦး (VUC FC)၊
မျိုးသက်အောင် (MIU FC)၊ ငြိမ်းမင်းစိုး (VUC FC)၊ ချမ်းသာ (VUC FC)၊
သိုင်းဘွဲ့အောင် (M2K FC)၊ ခင်ဇော်လင်း (MIU FC)၊နိုင်လင်းထွန်းကျော် (VUC FC)၊ လှိုင်မင်းထွန်း (MIU FC)၊ အောင်ဇင်ဦး (VUC FC)။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFF Futsal Championship 2022 ပြိုင်ပွဲတွင် ဗီယက်နမ် အသင်းနှင့် ဧပြီ ၄ရက်တွင် လည်းကောင်း၊ ဩစတြေးလျ အသင်းနှင့် ဧပြီ ၅ ရက်တွင်လည်းကောင်း၊ အရှေ့တီမောအသင်းနှင့် ဧပြီ ၆ ရက်တွင် လည်းကောင်း အုပ်စု ပွဲစဉ်များအဖြစ် ကစားရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း လူစာရင်း
အုပ်ချုပ်/နည်းပြအဖွဲ့
အဖွဲ့ခေါင်းဆောင် – ဒေါက်တာရဲမွန်ထွဋ်
အသင်းမန်နေဂျာ – ဦးရဲဝင်းထွန်း
နည်းပြချုပ် – Mr. Bunlert Cheowarang (ထိုင်း)
လက်ထောက်နည်းပြများ – ဦးဌေးမြင့်၊ ဦးကျော်ဇင်ညွှန့်
ဂိုးနည်းပြ – ဦးထွန်းထွန်းလတ်
အသင်းဆရာဝန် – ဒေါက်တာ ကျော်သန့်ဇင်
ကြံ့ခိုင်ရေးနည်းပြ – Mr.Tawan Wutti (ထိုင်း)
အကြောကျွမ်းကျင် – ဦးအောင်အောင်
မီဒီယာ အရာရှိ – ဦးညီညီမိုဃ်းအောင်