မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်
April 2, 2022AFF Futsal အဖွင့်ပွဲစဉ်တွင် မြန်မာအသင်း ဗီယက်နမ်နှင့် သရေကျ
April 4, 2022မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFF Futsal Championship 2022 ပြိုင်ပွဲ၏ အုပ်စု(ခ)အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဧပြီ ၃ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
ထိုသတင်းစာ ရှင်းလင်းပွဲသို့ အုပ်စု(ခ) မှ ပြိုင်ပွဲဝင် အသင်းများ ဖြစ်ကြသော မြန်မာ၊ ဗီယက်နမ်၊ ဩစတြေးလျနှင့် အရှေ့တီမော အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြသည်။မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Mr. Bunlert Cheowarang က “ကျွန်တော်တို့ အုပ်စုမှာ ဗီယက်နမ်၊ ဩစတြေးလျတို့လိုအသင်းတွေပါဝင်တာကြောင့် ဒီအုပ်စုက ခက်ခဲမယ့် အုပ်စုပါ။ ကျွန်တော်တို့အတွက် ဗီယက်နမ် အသင်းက ဩစတြေးလျ အသင်းထက် ကစားရတာ ပိုခက်ခဲပါလိမ့်မယ်။ကျွန်တော်တို့ အသင်းအနေနဲ့ အစွမ်းကုန်ကြိုးစားကစားပြီး ခြေစစ်ပွဲ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြိုင်ပွဲနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFF Futsal Championship 2022 ပြိုင်ပွဲ၏ Official Training ကို ပြိုင်ပွဲကျင်းပရာ Huamark Indoor Stadium တွင် ပြုလုပ်ခဲ့ကြသည်။
AFF Futsal Championship 2022 ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အသင်းများသည် အာရှဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။