AFF Futsal Championship 2022 ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကျင်းပ
April 3, 2022အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင် ဩစတြေးလျ အသင်းကို (၁-၆)ဂိုးဖြင့် မြန်မာအသင်း အနိုင်ရ
April 5, 2022မြန်မာလက်ရွေးစင် ဖူဆယ်အသင်းသည် AFF Futsal Championship 2022 ပြိုင်ပွဲ အုပ်စု(ခ) အဖွင့်ပွဲစဉ်အဖြစ် ဧပြီလ ၄ရက် နံနက်ပိုင်းက ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၁-၁ ဂိုးဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဗီယက်နမ်အသင်းနှင့် ပွဲစဉ်တွင် ပြိုင်ဘက် အသင်းကို ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီး ပထမပိုင်းတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း ဒုတိယပိုင်းတွင် မြန်မာအသင်းအနေဖြင့် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ၁-၁ဂိုးဖြင့် သရေ ရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ချေပဂိုးကို မျိုးမြင့်စိုးက ပြစ်ဒဏ်ဘောမှ တစ်ဆင့် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ဗီယက်နမ်အသင်းသည် ၂၀၂၁ ဖူဆယ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၆ သင်းအဆင့်သို့ တက်ရောက်ထားသော အသင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် Mr. Bunlert Cheowarang က “ဒီနေ့ပွဲရလဒ်နဲ့ ပတ်သက်ပြီး ပျော်ရွှင်မိပါတယ်။ ကစားသမားတွေအနေနဲ့ ကျွန်တော့်ရဲ့ နည်းစနစ်ကို အကောင်းဆုံး လိုက်နာကစားနိုင်ခဲ့ပါတယ်။ ခံစစ်ကို ကောင်းကောင်းကစားနိုင်ခဲ့သလို ဂိုးလည်း ရရှိခဲ့လို့ ပျော်ရွှင်ရပါတယ်”ဟု ယနေ့ပွဲစဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့၏ ပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကို မျိုးမြင့်စိုးက ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFF Futsal Championship 2022 ပြိုင်ပွဲ အုပ်စု(ခ)၏ ဒုတိယမြောက်ပွဲစဉ်အဖြစ် ဧပြီလ ၅ရက် နံနက်ပိုင်းတွင် ဩစတြေးလျ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။