တီမောကို ဂိုးပြတ်အနိုင်ယူပြီး အုပ်စုပထမဖြင့် မြန်မာအသင်း ဆီမီးဖိုင်နယ်တက်
April 6, 2022မြန်မာအမျိုးသမီး ဖူဆယ်အသင်း ယှဉ်ပြိုင်မည့် ဖိတ်ခေါ်ဖလား ပွဲစဉ်များ ထွက်ပေါ်
April 10, 2022မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFF FUTSAL CHAMPIONSHIP 2022 ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဧပြီ ၈ ရက် နေ့လယ်ပိုင်းက အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၁ – ၆)ဂိုးဖြင့် ရူံးနိမ့်ခဲ့သည်။
ပထမပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန်ကစားခဲ့ပြီး အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ မြန်မာအသင်းသည် ပင်နယ်တီ
ကန်သွင်းခွင့်ရခဲ့သော်လည်း အင်ဒိုနီးရှားအသင်း ဂိုးသမား လက်စွမ်းပြ ကာကွယ်ခဲ့သောကြောင့် ချေပဂိုးရရှိမည့် အခွင့်အရေးဆုံးရူံးခဲ့သည်။
ပွဲချိန် ဒုတိယပိုင်းတွင် အင်ဒိုနီးရှားအသင်းက ၅ ဂိုးထပ်မံသွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို လှိုင်မင်းထွန်းက သွင်းယူပေးခဲ့သည်။
မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် Mr. Bunlert Cheowarang က “အင်ဒိုနီးရှားအသင်းနဲ့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ သူတို့အသင်းအနေနဲ့ နည်းစနစ်၊ နည်းဗျူဟာ ကြွယ်ဝစွာ ကစားနိုင်ခဲ့တယ်။ကျွန်တော်ကစားသမားတွေလည်း အကောင်းဆုံးကြိုးစားကစားခဲ့ကြပါတယ်။ အာရှခြေစစ်ပွဲအောင်ဖို့အတွက် ဒီပြိုင်ပွဲမှာ တတိယ ရဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်။ ဒီပွဲရဲ့ အမှားတွေကို သေချာပြန် လည်သုံးသပ်ပြီး တတိယလုပွဲအတွက် ပြင်ဆင်သွားပါမယ် ” ဟု အင်ဒိုနီးရှားအသင်းနှင့် ပွဲစဉ် အပြီးတွင် ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် AFF FUTSAL CHAMPIONSHIP တတိယလုပွဲ အဖြစ် ဧပြီ ၁၀ရက်တွင် ထိုင်း (သို့မဟုတ်) ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။