AFF FUTSAL ဆီမီးဖိုင်နယ်တွင် မြန်မာအသင်း ရူံးနိမ့်
April 8, 2022AFF FUTSAL တတိယလုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် မြန်မာအသင်း ရူံးနိမ့်
April 10, 2022မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ထိုင်းနိုင်ငံတွင် ကျင်းပမည့် NSDF Women Futsal Championship 2022 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထိုပြိုင်ပွဲကို ထိုင်းအသင်း၊ ထိုင်းအောလ်စတားအသင်း၊ အင်ဒိုနီးရှားအသင်း၊ မြန်မာအသင်းနှင့် ဩစတြေးလျကလပ် ဆောက်ပါ့ခ်အသင်းတို့ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
NSDF Women Futsal Championship 2022 ပြိုင်ပွဲကို ဧပြီ ၂၀ မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ၊ ချောင်ဘူရီရှိ Eastern National Sports TrainingCenter တွင် အုပ်စုပတ်လည်ပုံစံဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ဧပြီ ၂၀ တွင် ထိုင်းအသင်း၊ ဧပြီ ၂၃ တွင် ထိုင်းအောလ်စတားအသင်း၊ ဧပြီ ၂၄ တွင် အင်ဒိုနီးရှားအသင်း၊ ဧပြီ ၂၆ တွင် ဩစတြေးလျကလပ် ဆောက်ပါ့ခ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ထိုပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ရာ ထိုမှတစ်ဆင့် ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားအသင်းတို့နှင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဖူဆယ်ပွဲစဉ်များကို မေ ၁၀ မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
NSDF Women Futsal Championship 2022 ပြိုင်ပွဲ ပွဲစဉ်များ
၂၀ – ၄ – ၂၀၂၂ ထိုင်းအောလ်စတား – ဆောက်ပါ့ခ်
၂၀ – ၄ – ၂၀၂၂ ထိုင်း – မြန်မာ
၂၁ – ၄ – ၂၀၂၂ အင်ဒိုနီးရှား – ထိုင်းအောလ်စတား
၂၁ – ၄ – ၂၀၂၂ ထိုင်း – ဆောက်ပါ့ခ်
၂၃ – ၄ – ၂၀၂၂ ဆောက်ပါ့ခ် – အင်ဒိုနီးရှား
၂၃ – ၄ – ၂၀၂၂ မြန်မာ – ထိုင်းအောလ်စတား
၂၄ – ၄ – ၂၀၂၂ အင်ဒိုနီးရှား – မြန်မာ
၂၄ – ၄ – ၂၀၂၂ ထိုင်း – ထိုင်းအောလ်စတား
၂၆ – ၄ – ၂၀၂၂ မြန်မာ – ဆောက်ပါ့ခ်
၂၆ – ၄ – ၂၀၂၂ ထိုင်း – အင်ဒိုနီးရှား