မြန်မာအမျိုးသမီး ဖူဆယ်အသင်း ယှဉ်ပြိုင်မည့် ဖိတ်ခေါ်ဖလား ပွဲစဉ်များ ထွက်ပေါ်
April 10, 2022ဆီးဂိမ်းပြိုင်ပွဲ၀င်မည့် ယူ-၂၃အသင်း ယူအေအီးနိုင်ငံသို့ လေ့ကျင့်ခြေစမ်းခရီးစဉ် ထွက်ခွာ
April 17, 2022မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFF FUTSAL CHAMPIONSHIP 2022 ပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ဧပြီ ၁၀ ရက် နေ့လယ်ပိုင်းက ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်အတွင်း (၁-၁) ဂိုး သရေကျနေ၍ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ ဗီယက်နမ်က (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပထမပိုင်းတွင် ဗီယက်နမ်အသင်းက ခြေစွမ်းအသာဖြင့် ဖိကစားခဲ့သော်လည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါနိုင်သည့် ဂိုးသမားကျော်ထက်အောင် နေရာတွင် ဝင်ရောက်ကစားသည့် ဇွဲပြည့်စုံ လက်စွမ်းပြခြင်း၊ ခံစစ်ကစားပုံ ကောင်းမွန်ခြင်းတို့ကြောင့် ဂိုးမရှိ သရေကျနေခဲ့သည်။
ပွဲချိန် ဒုတိယပိုင်းတွင် ဗီယက်နမ်အသင်းက ဉီးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ပွဲပြီးခါနီးတွင် မြန်မာအသင်းက Power Play ကစားပြီး
ခင်ဇော်လင်းက ချေပဂိုး သွင်းယူပေးခဲ့သည်။ ပင်နယ်တီ အဆုံးအဖြတ်တွင် ဗီယက်နမ်အသင်း ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သော
ကြောင့် မြန်မာအသင်း ရူံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ယခုပွဲတွင် အနိုင်ရသော ဗီယက်နမ်အသင်း၊ ဗိုလ်လုပွဲတက်ရောက်ခဲ့သော ထိုင်းနှင့် အင်ဒိုနီးရှားအသင်းတို့သည် ကူဝိတ်နိုင်ငံတွင် ကျင်းပမည့် 2022 AFC Futsal Asian Cup ပြိုင်ပွဲသို့ ဝင်ရောက်ခွင့်ရရှိခဲ့သည်။