AFF FUTSAL တတိယလုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် မြန်မာအသင်း ရူံးနိမ့်
April 10, 2022NSDF ပြိုင်ပွဲကစားရန် မြန်မာအမျိုးသမီး ဖူဆယ်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ
April 18, 2022လာမည့်မေလအတွင်း ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံသို့ ယနေ့ (ဧပြီ ၁၇ရက်) မနက်ပိုင်းက ထွက်ခွာသွားခဲ့သည်။
ယူအေအီးနိုင်ငံတွင် နှစ်ပတ်ခန့် သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး လေ့ကျင့်ရေးကာလအတွင်း ယူအေအီးနိုင်ငံအခြေစိုက် ကလပ်အသင်းများနှင့် ခြေစမ်းပွဲများကစားရန် စီစဉ်ထားသည်။
မြန်မာယူ-၂၃ အသင်းကို ပဏာမလက်ရွေးစင် ကစားသမား ၂၅ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့၀င် ၉ဦး ဖြင့်ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဗယ်လီဇာပိုပေါ့ဗ် က တာ၀န်ယူကိုင်တွယ်လျက်ရှိသည်။
ဆီးဂိမ်းပြိုင်ပွဲသည် အသက် (၂၃)နှစ်အောက်ပြိုင်ပွဲဖြစ်သော်လည်း သက်ကျော်ကစားသမား သုံးဦးထည့်သွင်းခွင့်ပြုထားရာ မြန်မာယူ-၂၃ အသင်း တွင် သက်ကျော်ကစားသမား ၈ ဦးကို ပဏာမလက်ရွေးစင်အဖြစ်ထည့် သွင်းရွေးချယ်ထားသည်။ သက်ကျော်ကစားသမားများအဖြစ် မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်၊ ဆမ်လန်မန်၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ အောင်နိုင်ဝင်း နှင့်သန်းပိုင် တို့က ပဏာမရွေးချယ်ထားသည်။ ယင်း (၈) ဦးအနက် နိုင်ငံခြားလိဂ်များတွင် သွားရောက်ကစားနေသော မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်၊ ဆမ်လန်မန် တို့မှာ ၎င်းတို့၏ လိဂ်ပြိုင်ပွဲများရှိနေသောကြောင့် ဒူဘိုင်းခရီးစဉ်ကို မလိုက်ပါနိုင်ဘဲ ဆီးဂိမ်းပြိုင်ပွဲမတိုင်ခင် ဗီယက်နမ်နိုင်ငံသို့ လာရောက်ပြီး မြန်မာယူ-၂၃အသင်းနှင့် ပူးပေါင်းမည်ဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းကို လာမည် မေ ၅ရက်တွင် တရားဝင်ကြေညာမည်ဟု နည်းပြချုပ်ပိုပေါ့ဗ်က ဆိုသည်။
မြန်မာယူ-၂၃ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအုပ်စု(က) တွင် အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမော အသင်းများနှင့်တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။
အုပ်ချုပ်/နည်းပြအဖွဲ့
အသင်းအုပ်ချုပ်သူ- ဦးစည်သူ၀င်း
နည်းပြချုပ်- ဗယ်လီဇာပိုပေါ့ဗ်
လက်ထောက်နည်းပြ- ဦးဇော်ဝင်းထွန်း
လက်ထောက်နည်းပြ- ဦးအောင်အောင်ထွန်း
ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်
အသင်းဆရာဝန်- ဒေါက်တာဖြိုးမင်းဦး
ကြံခိုင်ရေးနည်းပြ -ဦးထွန်းဇော်
အကြောကျွမ်းကျင်- ဦးသူရတိုး
ဝတ်စုံတာဝန်ခံ- ဦးချမ်းဝေစိုး
ပဏာမလက်ရွေးစင်လူစာရင်း
ဂိုး– ပြည့်ဖြိုးသူ၊ သူရကျော်၊ ပြည့်ဖြိုးအောင်၊ အောင်ကိုလတ်
နောက်တန်း – သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ ဟိန်းဇေယျာလင်း၊ ၀င်းမိုးကျော်၊ ရဲမင်းသူ၊ သက်ပိုင်ထွေး၊ အောင်၀ဏ္ဏစိုး၊ ရဲလင်းထက်၊ နောင်နောင်စိုး
ကွင်းလယ်- ဇော်ဝင်းသိန်း၊ လွင်မိုးအောင်၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ ရန်ကျော်စိုး၊ အောင်နိုင်၀င်း
ရှေ့တန်း– ရဲရင့်အောင်၊ ထက်ဖြိုးဝေ၊ ၀င်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ ရာဇာအောင်၊ သန်းပိုင်