ဆီးဂိမ်းပြိုင်ပွဲ၀င်မည့် ယူ-၂၃အသင်း ယူအေအီးနိုင်ငံသို့ လေ့ကျင့်ခြေစမ်းခရီးစဉ် ထွက်ခွာ
April 17, 2022NSDF ပြိုင်ပွဲ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ ကျင်းပ
April 19, 2022မြန်မာအမျိုးသမီး ဖူဆယ်အသင်းသည် NSDF Futsal Invitation Championship 2022 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်နှင့် ဆီးဂိမ်း ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်မှုများပြုလုပ်ရန် ထိုင်းနိုင်ငံသို့ ဧပြီ ၁၈ရက် နံနက်ပိုင်းက ထွက်ခွာသွားခဲ့သည်။
NSDF Futsal Invitation Championship 2022 ပြိုင်ပွဲကို ထိုင်းအသင်း၊ ထိုင်းအောလ်စတားအသင်း၊ အင်ဒိုနီးရှားအသင်း၊ မြန်မာအသင်းနှင့် ဩစတြေးလျကလပ် ဆောက်ပါ့ခ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
NSDF Women Futsal Championship 2022 ပြိုင်ပွဲကို ဧပြီ ၂၀ မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ၊ ချောင်ဘူရီရှိ Eastern National Sports Training Center တွင် အုပ်စုပတ်လည်ပုံစံဖြင့် ကစားသွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ဧပြီ ၂၀ တွင် ထိုင်းအသင်း၊ ဧပြီ ၂၃ တွင် ထိုင်းအောလ်စတားအသင်း၊ ဧပြီ ၂၄ တွင် အင်ဒိုနီးရှားအသင်း၊ ဧပြီ ၂၆ တွင် ဩစတြေးလျကလပ် ဆောက်ပါ့ခ်အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ထို့နောက် မြန်မာအမျိုးသမီး ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ပြီး ဆီးဂိမ်း ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မှုများ ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကာ ထိုမှတစ်ဆင့် ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အမျိုးသမီးဖူဆယ်ပွဲစဉ်များကို မေ ၁၀ မှ ၁၉ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း လူစာရင်း
အုပ်ချုပ်/နည်းပြအဖွဲ့
အဖွဲ့ခေါင်းဆောင် – ဦးနိုင်သောင်းထိုက်
နည်းပြချုပ် – ဦးတင်မောင်ဌေး
လက်ထောက်နည်းပြ – ဦးဇော်ရဲမောင်
ဂိုးနည်းပြ – ဦးဟန်မင်းထွဠ်
အသင်းအတွင်းရေးမှူး- ဒေါ်သီတာကြည်
အသင်းဆရာဝန် – ဒေါက်တာ ပွင့်မာလာသော်
အကြောကျွမ်းကျင် – ဒေါ်ထက်ထက်ထွန်း
မီဒီယာ အရာရှိ – ဦးသီဟအောင်
ဂိုးသမားများ
ခိုင်နှင်းသန့်(ISPE)၊ နွယ်နွယ်စိုး(ဧရာဝတီ)၊ ချောစန္ဒီအောင်(ရန်ကုန်)
ကစားသမားများ
အေးအေးထွေး(YREO)၊ နန်းခမ်းမို(SPED)၊ ဝင်းဝင်းခိုင်( ဖူဆယ်ချစ်သူ)၊ နန့်မေသဇင်(ISPE)၊ ခိုင်သဇင်ဦး(ISPE)၊ ခိုင်ပြည့်လင်း (ISPE)၊ စုပိုပိုကျော်( Shin Lay-2)၊ဝါဝါခိုင်(SPED)၊ ခင်မာလင်း (SPED)၊ အေးငြိမ်းသူ (SPED)၊ ဖြူဖြူကျော် (ကချင်)၊ နန်းဟွန်းလှိုင် (SPED)၊ ဇင်မိုးပြည့် (ရန်ကုန်)၊ မေဇင်ဦး( ရန်ကုန်)၊ လာအဲဝါ (ရန်ကုန်)၊မေသက်ပိုင်(ပဲခူး)၊ နှင်းစန္ဒာလှိုင် (သစ္စာအားမာန်)၊ ယမင်းလွင် (သစ္စာအားမာန်)၊ ယွန်းမီမီလွင် (သစ္စာအားမာန်)။