မြန်မာအမျိုးသမီး ဖူဆယ်အသင်း သုံးပွဲဆက် ရူံးနိမ့်
April 24, 2022ဆီးဂိမ်းစ်ပြင်ဆင်မှုအနေဖြင့် တောင်ကိုရီးယားနိုင်ငံတွင် လေ့ကျင့်ခြေစမ်းနေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
April 28, 2022မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် NSDF Women’s Futsal Championship 2022 ပြိုင်ပွဲတွင် နောက်ဆုံး ပွဲစဉ်အဖြစ် ဩစတြေးလျကလပ် ဆောက်ပါ့ခ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၃-၂ ဂိုးဖြင့် ရူံးနိမ့်ခဲ့သည်။
ပွဲချိန် ပထမပိုင်းတွင် ၂-၂ ဂိုး သရေကျနေပြီး မြန်မာအသင်းအတွက် ဂိုးများကို ဇင်မိုးပြည့်နှင့် ခိုင်သဇင်ဦးတို့က သွင်းယူပေးခဲ့ကာ ဩစတြေးလျကလပ် ဆောက်ပါ့ခ်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ဒုတိယပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းဖိတ်ခေါ်ပြိုင်ပွဲတွင် ၄ပွဲကစား ၄ ပွဲစလုံးရူံးနိမ့်ပြီး အုပ်စုနောက်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။
ထိုင်းအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ပွဲစဉ်မှာ ၁-၁ ဂိုး သရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့ပြီး အုပ်စုပထမနေရာတွင် ရပ်တည်ခဲ့သော ထိုင်းအသင်းက ချန်ပီယံဆုရရှိခဲ့ကာ အင်ဒိုနီးရှားအသင်းက ဒုတိယ၊ ထိုင်းအောလ်စတားအသင်းက တတိယ၊ ဆောက်ပါ့ခ်အသင်းက စတုတ္ထနေရာ အသီးသီး ရရှိခဲ့သည်။
NSDF Women Futsal Championship 2022 ပြိုင်ပွဲ ရလဒ်များ
၂၀ – ၄ – ၂၀၂၂ ထိုင်းအောလ်စတား ၃ – ၀ ဆောက်ပါ့ခ်
၂၀ – ၄ – ၂၀၂၂ ထိုင်း ၇ – ၀ မြန်မာ
၂၁ – ၄ – ၂၀၂၂ အင်ဒိုနီးရှား ၂ – ၁ ထိုင်းအောလ်စတား
၂၁ – ၄ – ၂၀၂၂ ထိုင်း ၄ – ၀ ဆောက်ပါ့ခ်
၂၃ – ၄ – ၂၀၂၂ ဆောက်ပါ့ခ် ၂ – ၄ အင်ဒိုနီးရှား
၂၃ – ၄ – ၂၀၂၂ မြန်မာ ၁ – ၄ ထိုင်းအောလ်စတား
၂၄ – ၄ – ၂၀၂၂ အင်ဒိုနီးရှား ၃ – ၂ မြန်မာ
၂၄ – ၄ – ၂၀၂၂ ထိုင်း ၃ – ၂ ထိုင်းအောလ်စတား
၂၆ – ၄ – ၂၀၂၂ မြန်မာ ၂ – ၃ ဆောက်ပါ့ခ်
၂၆ – ၄ – ၂၀၂၂ ထိုင်း ၁ – ၁ အင်ဒိုနီးရှား