NSDF ပြိုင်ပွဲ နောက်ဆုံးပွဲတွင် မြန်မာအသင်း ဩစတြေးလျကလပ်ကို ရူံးနိမ့်
April 26, 2022မြန်မာအမျိုးသမီး အသင်း၏ ဆီးဂိမ်းစ်အကြို ပထမဆုံး ခြေစမ်းပွဲအဖြစ် တောင်ကိုရီးယား ယူ၂၀ လက်ရွေးစင် အသင်းနှင့် ခြေစမ်း
April 29, 2022မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လက်ရှိတွင် ဆီးဂိမ်းစ်အကြိုပြင်ဆင်မှုအဖြစ် တောင်ကိုရီးယားနိုင်ငံ ၊ Paju မြို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။ အုပ်ချုပ်နည်းပြ (၁၀)ဦး ကစားသမား (၂၁)ဦးတို့ဖြင့် တောင်ကိုရီးယားနိုင်ငံသို့
လာရောက်ကာ လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို အာရှဖလား ခြေစစ်ပွဲ၊ နောက်ဆုံးအဆင့် အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ တို့အပြီးတွင် ပြုလုပ်ခဲ့သည့် စခန်းသွင်းလေ့ကျင့်မှုမှ အကောင်းဆုံး အပြီးသတ် ကစားသမား (၂၂)ဦးကို ရွေးချယ်ကာ (၃၁) ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲ သို့သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
တောင်ကိုရီးယားလေ့ကျင့်ရေး ခရီးစဉ်တွင် ပါဝင်ခဲ့သည် ကစားသမား ၂၁ဦးနှင့် အိန္ဒိယနိုင်ငံတွင် ပရော်ဖက်ရှင်နယ်ထွက်ကစားနေသည့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း စုစုပေါင်း ၂၂ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဝင်းသိင်္ဂီထွန်းအနေဖြင့် ယခုအချိန်တွင်
အိန္ဒိယ အမျိုးသမီးလိဂ် ပြိုင်ပွဲများရှိနေသဖြင့် (၃၁) ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲ ပြိုင်ပွဲကျင်းပရာ ဗီယက်နမ်သို့တိုက်ရိုက်လာရောက်ပူးပေါင်းမည်ဖြစ်သည်။
မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် တောင်ကိုရီးယား လေ့ကျင့်ခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲ (၃)ပွဲကစားရန် စီစဉ်ထားပြီး ဧပြီ ၂၉ရက်တွင် တောင်ကိုရီးယား ယူ၂၀ အမျိုးသမီးအသင်း၊ မေ ၁ ရက်တွင်
Seoul City Women Football Culb ၊ မေ ၃ရက်နေ့တွင် တောင်ကိုရီးယား ယူ၂၀ အမျိုးသမီးအသင်း တို့နှင့်ခြေစမ်းယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအုပ်စု(ခ) တွင် ထိုင်း၊လာအို၊စင်ကာပူ အသင်းများနှင့်တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။ ဆီးဂိမ်းစ်အဖွင့်ပွဲစဉ်အဖြစ် မေ ၁၀ ရက်တွင်လာအို နှင့် လည်းကောင်း၊ မေ ၁၃ ရက်တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊မေ ၁၅ရက်တွင်စင်ကာပူအသင်း နှင့် လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အုပ်ချုပ်/နည်းပြအဖွဲ့
အသင်းအုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး
နည်းပြချုပ်- ဦးတင်မြင့်အောင်
လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး
လက်ထောက်နည်းပြ- ဦးဘိုဘိုအောင်
လက်ထောက်နည်းပြ- ဒေါ်သူဇာထွေး
ဂိုးနည်းပြ- ဦးယဉ်မင်းအောင်
အသင်းဆရာဝန်- ဒေါက်တာယုနန္ဒာထွန်း
အကြောကျွမ်းကျင်- ဦးလွင်ဦးကို
Video Analyst – ဦးမြတ်စိုးသူ
အပြီးသတ်လက်ရွေးစင်လူစာရင်း
ဂိုး– မေဇင်နွယ်၊ ဇူးလတ်နဒီ၊ မျိုးမြမြငြိမ်း
နောက်တန်း – ခင်သန်းဝေ၊ခင်မျိုးဝင်း၊ချစ်ချစ်၊ဇွန်ယုယဦး၊ဖြူဖြူဝင်း၊အေးအေးမိုး၊ခိုင်သဇင်၊နန့်ဇူဇူးထက်
ကွင်းလယ်- ခင်မာလာထွန်း၊ခင်မိုမိုထွန်း၊ပုံပုံ့ပြည့်မောင်၊နော်ထက်ထက်ဝေ၊လင်းမြင့်မိုရ်၊မြတ်နိုးခင်၊စန်းသော်သော်၊သင်းသင်းယု
ရှေ့တန်း– ဂျူလိုင်ကျော်၊ခင်မိုးဝေ၊ဝင်းသိင်္ဂီထွန်း