
မြန်မာအမျိုးသမီး အသင်း၏ ဆီးဂိမ်းစ်အကြို ပထမဆုံး ခြေစမ်းပွဲအဖြစ် တောင်ကိုရီးယား ယူ၂၀ လက်ရွေးစင် အသင်းနှင့် ခြေစမ်း
April 29, 2022
မြန်မာအမျိုးသမီး အသင်း၏ ဒုတိယ မြောက်ခြေစမ်းပွဲတွင် Seoul City အသင်းနှင့် တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့
May 1, 2022
၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း၏ အပြီးသတ် ကစားသမား ၁၆ ဦး စာရင်းကို နည်းပြချုပ် ဦးတင်မောင်ဌေးက ထုတ်ပြန်ခဲ့ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့်
NSDF ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ကာ ကစားသမား ၂၂ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိရာ ယခုအခါ အပြီးသတ် ကစားသမား ၁၆ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အပြီးသတ်ရွေးချယ်ခံရသော ကစားသမားများ
ဂိုးသမားများ
ခိုင်နှင်းသန့်(ISPE)၊ နွယ်နွယ်စိုး(ဧရာဝတီ)၊
ကစားသမားများ
အေးအေးထွေး(YREO)၊ နန်းခမ်းမို(SPED)၊ ဝင်းဝင်းခိုင်( ဖူဆယ်ချစ်သူ)၊ နန့်မေသဇင်(ISPE)၊ ခိုင်သဇင်ဦး(ISPE)၊ ခိုင်ပြည့်လင်း (ISPE)၊ စုပိုပိုကျော်( Shin Lay-2)၊ဝါဝါခိုင်(SPED)၊ ခင်မာလင်း (SPED)၊ ဇင်မိုးပြည့် (ရန်ကုန်)၊မေသက်ပိုင်(ပဲခူး)၊ နှင်းစန္ဒာလှိုင် (သစ္စာအားမာန်)၊ ယမင်းလွင် (သစ္စာအားမာန်)၊ ယွန်းမီမီလွင် (သစ္စာအားမာန်)။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဗီယက်နမ် အသင်းနှင့် မေ ၁၅ရက်တွင် လည်းကောင်း၊ ထိုင်းအသင်းနှင့် မေ ၁၇ရက်တွင် လည်းကောင်း၊ မလေးရှားအသင်းနှင့် မေ၁၉ရက်တွင် လည်းကောင်း ကစားရမည် ဖြစ်သည်။
အုပ်ချုပ်/နည်းပြအဖွဲ့စာရင်း
အဖွဲ့ခေါင်းဆောင် – ဦးနိုင်သောင်းထိုက်
နည်းပြချုပ် – ဦးတင်မောင်ဌေး
လက်ထောက်နည်းပြ – ဦးဇော်ရဲမောင်
ဂိုးနည်းပြ – ဦးဟန်မင်းထွဠ်
အသင်းအတွင်းရေးမှူး- ဒေါ်သီတာကြည်
အသင်းဆရာဝန် – ဒေါက်တာ ပွင့်မာလာသော်
အကြောကျွမ်းကျင် – ဒေါ်ထက်ထက်ထွန်း
မီဒီယာ အရာရှိ – ဦးသီဟအောင်
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် Nonthaburi အမျိုးသမီးဖူဆယ်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ (၅-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်ကာ ထိုမှတစ်ဆင့် ဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။


