
မြန်မာအမျိုးသမီး အသင်း၏ ဆီးဂိမ်းစ်ပြင်ဆင်မှု နောက်ဆုံးခြေစမ်းပွဲ အဖြစ် တောင်ကိုရီးယား ယူ-၂၀ အသင်းဖြင့် ကစား
May 3, 2022
ဆီးဂိမ်းစ်ပြိုင်ပွဲအုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ
May 5, 2022(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ သို့ရောက်ရှိနေသော မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းသည် လေ့ကျင့်ရေးအစီအစဉ်များကို စတင်ပြုလုပ်နေပြီဖြစ်သည်။
ဆီးဂိမ်းစ်အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံတွင် ဒူဘိုင်းတွင်သွားရောက်လေ့ကျင့်ခဲ့သော မြန်မာယူ-၂၃အသင်းသည် မေ ၁ရက်နေ့က ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ပြည်ပလိဂ်များတွင် သွားရောက်ကစားနေသည့် မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်၊ ဆမ်လန်မန် တို့သည် မေ ၂ရက်တွင် ဗီယက်နမ်နိုင်ငံသို့ရောက်ရှိခဲ့ပြီး အသင်းနှင့်ပူးပေါင်းခဲ့သည်။
ယနေ့ (မေ ၃ရက်) တွင် ဗီယက်ထရွိုင်မြို့၊ Bal Bang Field လေ့ကျင့်ရေးကွင်းတွင် ပဏာမလက်ရွေးစင်ကစားသမား အစုံအလင်ဖြင့် လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့သည်။
မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းကို သက်ကျော်ကစားသမား ၇ဦး အပါအဝင် စုစုပေါင်း ပဏာမလက်ရွေးစင်ကစားသမား ၂၉ဦး ဖြင့်ဖွဲ့စည်းထားပြီး အပြီးသတ်လူစာရင်းကို လာမည့် မေ ၅ရက်တွင် ကြေညာသွားမည်ဖြစ်သည်။
မြန်မာယူ-၂၃ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအုပ်စု(က) တွင် အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမော အသင်းများနှင့်တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။ ဆီးဂိမ်းစ်အဖွင့်ပွဲစဉ်အဖြစ် မေ ၈ရက်တွင် အရှေ့တီမောအသင်းနှင့် လည်းကောင်း၊ မေ ၁၀ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် လည်းကောင်း၊ မေ ၁၃ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မေ ၁၅ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။



