မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီများအတွက် ကျောင်းသားသစ်များ ခေါ်ယူမည်
May 2, 2022ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း ဗီယက်နမ်နိုင်ငံတွင် လေ့ကျင့်ရေးအစီအစဉ်များစတင်
May 3, 2022၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးအားကစားအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် တောင်ကိုရီးယားနိုင်ငံ Paju မြို့တွင် လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် တတိယမြောက် ခြေစမ်းပွဲအဖြစ် တောင်ကိုရီးယား ယူ-၂၀ အမျိုးသမီးအသင်းဖြင့် ယနေ့ ဒေသစံတော်ချိန် ၁၂နာရီ ၃၀မိနစ်က Paju National Football Center ကွင်းတွင် ယှဉ်ပြိုင်ခဲ့ရာ တောင်ကိုရီးယား ယူ-၂၀ အမျိုးသမီးအသင်းက (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အတွက် ပြင်ဆင်မှုအနေဖြင့် တောင်ကိုရီးယား ယူ-၂၀ အသင်းနှင့် ခြေစမ်းခြင်းဖြစ်ပြီး တောင်ကိုရီးယား ယူ-၂၀ အသင်းအနေဖြင့်လည်း ကိုစတာရီကာ (Costa Rica) နိုင်ငံတွင် ကျင်းပမည့် အသက် ၂၀အောက် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ လေ့ကျင့်မှုအဖြစ် ယခုခြေစမ်းပွဲ (၂)ပွဲကို ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ပွဲထွက်လူစာရင်းအဖြစ် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှ မေဇင်နွယ်(ဂိုး)၊ ခင်မျိုးဝင်း၊ချစ်ချစ်၊နန့်ဇူဇူးထက်၊ခိုင်သဇင်၊ခင်မိုမိုထွန်း၊သင်းသင်းယု၊ပုံပုံ့ပြည့်မောင်၊ လင်းမြင့်မိုရ်၊ခင်မိုးဝေ၊မြတ်နိုးခင် တို့ကို အသုံးပြုခဲ့သည်။ လူစားလဲလှယ်မှုများအနေဖြင့် နန့်ဇူဇူးထက်အစား အေးအေးမိုး၊ ခိုင်သဇင်အစား ဖြူဖြူဝင်း၊ သင်းသင်းယုအစား ခင်မာလာထွန်း၊ ပုံပုံပြည့်မောင်အစား နော်ထက်ထက်ဝေ၊ လင်းမြင့်မိုရ်အစား ဂျူလိုင်ကျော်၊ ချစ်ချစ် အစား ဇွန်ယုယဦး တို့ကို လဲလှယ်အသုံးပြုခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် တောင်ကိုရီးယားလေ့ကျင့်ရေးခရီးစဉ်တွင် ခြေစမ်းပွဲ (၃)ပွဲကစားခဲ့ပြီး မေ ၆ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံမှ ပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။