ဆီးဂိမ်းစ်ပြိုင်ပွဲအုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ
May 5, 2022ခြေစမ်းပွဲတွင် မြန်မာအမျိုးသမီးဖူဆယ်အသင်း အနိုင်ရ
May 6, 2022ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့်ပြုလုပ်မည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း၏ အပြီးသတ်လူစာရင်းကို နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ်က မေ ၅ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း၏ အပြီးသတ်လူစာရင်းတွင် သက်ကျော်ကစားသမား (၃)ဦးအပါအဝင် စုစုပေါင်း (၂၀)ဦးကို ရွေးချယ်ထားသည်။သက်ကျော်ကစားသမားအဖြစ် နောက်ခံလူ ဝင်းမိုးကျော်နှင့် တိုက်စစ်မှူး မောင်မောင်လွင်နှင့် အောင်ကောင်းမာန်တို့ကို ရွေးချယ်ခဲ့သည်။ ထို့အပြင် ဂိုးသမားနှစ်ဦးဖြစ်သည့် အောင်ကိုလတ်နှင့် သူရကျော်၊ တိုက်စစ်မှူးများဖြစ်သည့် ရဲရင့်အောင်နှင့် ရာဇာအောင်တို့ကိုလည်း အရန်သင့်အစားထိုးကစားသမားများအဖြစ် ထပ်ပေါင်းရွေးချယ်ထားပြီး အသင်းနှင့်ဆက်လက်ပူးတွဲလေ့ကျင့်စေမည်ဖြစ်သည်။
မြန်မာယူ-၂၃အသင်းသည် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် အဖွင့်ပွဲစဉ်အဖြစ် လာမည့် မေ ၈ရက်တွင် အရှေ့တီမောအသင်းနှင့် မြန်မာစံတော်ချိန် ညနေ (၄) နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။