ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း ဗီယက်နမ်နိုင်ငံတွင် လေ့ကျင့်ရေးအစီအစဉ်များစတင်
May 3, 2022ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း အပြီးသတ်လူစာရင်း
May 5, 2022ဗီယက်နမ်နိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မေ ၅ရက်က Muong Thang Phu Tho Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အုပ်စု(က)တွင် ပါဝင်ယှဉ်ပြိုင်မည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမောနှင့် မြန်မာ အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာမီဒီယာများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်း၏ နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ် ” ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အသင်းကို တစ်နှစ်ကျော်အချိန်ယူပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ ကိုဗစ်ရောဂါပိုးကြောင့် ပြည်တွင်းလိဂ်တွေ ရပ်နားထားချိန်မှာ အသင်းကို စနစ်တကျအချိန်ယူဖွဲ့စည်းခဲ့ပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ထားပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အဆင်သင့်ပါပဲ။ ပြိုင်ဘက်အသင်းအားလုံးကို လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ဘယ်အသင်းကိုမှ စိုးရိမ်နေမှာ မဟုတ်ပါဘူး။ တစ်ပွဲချင်းကို အာရုံစိုက်ပြီး ရလဒ်ကောင်းရရှိအောင်ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။
မြန်မာယူ-၂၃အသင်းသည် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် အဖွင့်ပွဲစဉ်အဖြစ် လာမည့် မေ ၈ရက်တွင် အရှေ့တီမောအသင်းနှင့် မြန်မာစံတော်ချိန် ညနေ (၃:၃၀) နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့နောက် မေ ၁၀ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် လည်းကောင်း၊ မေ ၁၃ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မေ ၁၅ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။