(၃၁)ကြိမ်မြောက် ဆီဂိမ်းပြိုင်ပွဲဝင်ရန် မြန်မာဖူဆယ်အသင်း ဗီယက်နမ်သို့ ထွက်ခွာ
May 7, 2022ဆီးဂိမ်းစ်အဖွင့်ပွဲစဉ်တွင် အရှေ့တီမောအသင်းကို အနိုင်ရရှိခဲ့သည့် မြန်မာအသင်း
May 8, 2022ဗီယက်နမ်နိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ)၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မေ ၈ရက်နေ့ က Cham Pha Stadium တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အုပ်စု(ခ )တွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ၊လာအို၊ထိုင်း၊စင်ကာပူ အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြပြီး မီဒီယာများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင် ” ဒီပြိုင်ပွဲအတွက် အသင်းကို အာရှဖလားပြိုင်ပွဲအပြီးကတည်းက စတင်ပြီး လေ့ကျင့်ပြင်ဆင်ခဲ့တာပါ။ လုံလောက်တယ့်အချိန်တခုလို့ယူဆပြီး ကစားသမားတွေလည်း သူတို့ဘယ်လိုမျိုး တာဝန်ယူကစားရမယ်ဆိုတာ နားလည်ပြီထင်ပါတယ်။ အသင်းရဲ့ နောက်ဆုံးပြိုင်ပွဲက အားနည်းချက်အားသာချက်တွေကို ပြင်ဆင်ပြီး အကောင်းဆုံးရလဒ်ရဖို့ ကြိုးစားသွားပါမယ်။ ဒီပြိုင်ပွဲမှာတော့ အိမ်ရှင်ဗီယက်နမ်အပါအဝင် မြန်မာ၊ထိုင်း၊ဖိလစ်ပိုင်အသင်းတွေက အဓိကထားယှဉ်ပြိုင်ရမယ်လို့မြင်ပါတယ်။ ပြိုင်ပွဲဝင်အသင်းတိုင်းမှာတော့ ချန်ပီယံဖြစ်ဖို့အခွင့်အရေးရှိပါတယ်။ ကိုယ်တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားဖို့ အခွင့်အရေးရှိနေလို့ပါ။ အဓိကအားဖြင့်တော့ အိမ်ရှင်ဗီယက်နမ်က အားအကောင်းဆုံးလို့ထင်ပါတယ်။” ဟု ပြောကြားခဲ့သည်။
မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် (၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် အဖွင့်ပွဲစဉ်အဖြစ် လာမည့် မေ ၁၀ရက်တွင် လာအိုအသင်းနှင့် မြန်မာစံတော်ချိန် ညနေ (၃:၃၀) နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့နောက် မေ ၁၃ရက်တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊ မေ ၁၅ရက်တွင် စင်ကာပူ အသင်းနှင့် လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။