မြန်မာဘောလုံး အကယ်ဒမီများအတွက် ကျောင်းသားသစ်များ ရွေးချယ်လျက်ရှိ
May 12, 2022မြန်မာအမျိုးသမီးဖူဆယ်အသင်း ဗီယက်နမ်တွင် လေ့ကျင့်မှုများပြုလုပ်
May 13, 2022ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) ဘောလုံး ပြိုင်ပွဲများတွင် အမျိုးသား ယူ၂၃ အုပ်စုတွင်း ပွဲစဉ် ဖြစ်သည့် အိမ်ရှင် ဗီယက်နမ် အသင်းနှင့် မြန်မာ အသင်းတို့သည် မနက်ဖြန် မေလ ၁၃ ရက်၊ မြန်မာစံတော်ချိန် ညနေ(၆း၃၀)နာရီတွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ မြန်မာ ယူ၂၃ အသင်းသည် လက်ရှိအချိန်ထိ ၂ ပွဲကစား ရမှတ် ၆ မှတ်ဖြင့် အုပ်စု ပထမ နေရာမှ ရပ်တည်နေပြီး အိမ်ရှင် ဗီယက်နမ်က ၂ ပွဲကစား ရမှတ် ၄ မှတ်ဖြင့် အုပ်စု တတိယ နေရာတွင် ရပ်တည်လျက် ရှိသည်။ ပွဲစဉ်ရေးဆွဲမှုအရ မြန်မာအသင်းသည် အုပ်စု လက်ကျန် ၂ ပွဲအဖြစ် အိမ်ရှင် ဗီယက်နမ်နှင့် အင်ဒိုနီးရှား တို့အား ရင်ဆိုင်ရမည် ဖြစ်ရာ နိုင်ပွဲ အနည်းဆုံး ၁ ပွဲရရှိထားမှသာ ဆီမီးဖိုင်နယ် တက်ရေးအတွက် စိတ်ချနိုင်မည် ဖြစ်သည်။ မြန်မာ ယူ၂၃ အသင်းသည် အုပ်စု အဖွင့်ပွဲစဉ်နှင့် အုပ်စု ဒုတိယမြောက် ပွဲစဉ်တို့တွင် အရှေ့တီမောနှင့် ဖိလစ်ပိုင် အသင်းတို့အား ၃-၂ ဂိုးစီဖြင့် အနိုင်ရရှိထားပြီး အိမ်ရှင် ဗီယက်နမ် အသင်းမှာ အင်ဒိုနီးရှား အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ ဖိလစ်ပိုင် အသင်းနှင့် ဂိုးမရှိ သရေ ကျထားသည်။
Pos | Team | Pld | W | D | L | GF | GA | GD | Pts |
1 | Myanmar | 2 | 2 | 0 | 0 | 6 | 4 | +2 | 6 |
2 | Philippines | 3 | 1 | 1 | 1 | 6 | 3 | +3 | 4 |
3 | Vietnam | 2 | 1 | 1 | 0 | 3 | 0 | +3 | 4 |
4 | Indonesia | 2 | 1 | 0 | 1 | 4 | 4 | 0 | 3 |
5 | Timor-Leste | 3 | 0 | 0 | 3 | 3 | 11 | -8 | 0 |
တစ်ရက်တည်း ယှဉ်ပြိုင်ရမည့် အမျိုးသမီး ဘောလုံး ပွဲစဉ်တွင် မြန်မာ အမျိုးသမီး အသင်းသည် အာဆီယံ အင်အားကြီး ထိုင်း အမျိုးသမီး အသင်းနှင့် အုပ်စုတွင်း ဒုတိယမြောက် ပွဲစဉ်အား ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး အသင်းသည် ထိုင်း၊ လာအို၊ စင်ကာပူ တို့နှင့် အုပ်စု(ခ)တွင် ကျရောက်ခဲ့ပြီး အုပ်စု အဖွင့်ပွဲစဉ်တွင် လာအို အသင်းအား (၃-၀) ဂိုးဖြင့် အနိုင်ရရှိထားသည်။ အလားတူ ထိုင်း အမျိုးသမီး အသင်းမှာလည်း စင်ကာပူ အမျိုးသမီး အသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရရှိထားသည်ဖြစ်ရာ မြန်မာနှင့်ထိုင်းတို့ ရမှတ်တူ ဖြင့် အုပ်စုအား ဦးဆောင်လျက်ရှိသည်။ မြန်မာ အသင်း အနေဖြင့် အုပ်စု ဒုတိယ ပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့် မေလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၆း၃၀) နာရီတွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး ဆီးမီးဖိုင်နယ်သို့ အုပ်စု ပထမ နေရာမှ တက်ရောက်ခွင့် ရရှိရန် ထိုင်းအသင်းအား အကြိတ်အနယ် ကစားရမည် ဖြစ်သည်။
Pos | Team | Pld | W | D | L | GF | GA | GD | Pts |
1 | Thailand | 1 | 1 | 0 | 0 | 3 | 0 | +3 | 3 |
2 | Myanmar | 1 | 1 | 0 | 0 | 3 | 0 | +3 | 3 |
3 | Laos | 1 | 0 | 0 | 1 | 0 | 3 | -3 | 0 |
4 | Singapore | 1 | 0 | 0 | 1 | 0 | 3 | -3 | 0 |
ပွဲစဉ်များအား ဗီယက်နမ်ရုပ်သံလိုင်းဖြစ်သည့် Next Media facebook Page နှင့် Next Media You Tube တို့တွင်တိုက်ရိုက်ထုတ်လွှင့်လျက်ရှိပါသည်။