ဆီးဂိမ်းစ်အုပ်စုတတိယပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်ကို အရေးနိမ့်ခဲ့တဲ့ မြန်မာယူ-၂၃
May 13, 2022ဆီးဂိမ်းစ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကျင်းပ
May 14, 2022ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ် အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်း တို့ မေ ၁၃ရက်က Cam Pha Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၁) ဂိုး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
အဆိုပါပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် မေဇင်နွယ်၊ခင်သန်းဝေ၊ချစ်ချစ်၊ အေးအေးမိုး၊ဖြူဖြူဝင်း၊ ခင်မာလာထွန်း၊နော်ထက်ထက်ဝေ၊သင်းသင်းယု၊ဂျူလိုင်ကျော်၊ ဝင်းသိင်္ဂီထွန်း၊ မြတ်နိုးခင် စသည့် ကစားသမားများဖြင့် ပွဲထွက်ခဲ့သည်။
ပွဲချိန် ပထမပိုင်းတွင် ထိုင်းအသင်းက Irravadee သွင်းယူသည့် ဂိုးဖြင့် ဦးဆောင်ကစားခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးကို ပွဲချိန် ဒုတိ ယပိုင်း ၇၉ မိနစ်တွင် ဝင်းသိင်္ဂီထွန်းက သွင်းယူပေးခဲ့သည်။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်က “ဒီနေ့ပွဲရလဒ်အတွက် ကျေနပ်ပါတယ်။ ထိုင်းအသင်းက တကယ့်ကို ကောင်းတဲ့အသင်းပါ။ ကစားရခက်ခဲပြီး တစ်ဦးချင်းမှာ ကျွန်တော်တို့ထက်သာခဲ့ပါတယ်။ ကျွန်တော့်ကစားသမားတွေအနေနဲ့ သူတို့ဘယ်လောက်ထိလုပ်နိုင်လဲဆိုတာကို ပြနိုင်ခဲ့ပါတယ်။ အမှားအချို့ရှိနေတုန်းပါ။ ဆီမီးမှာဘယ်အသင်းနဲ့တွေ့ချင်တယ်ဆိုတာမျိုးထက် ကိုယ့်ရဲ့ ပွဲစဉ်တစ်ခုဆီတိုင်းကို အာရုံစိုက်ထားပါတယ်။ နောက်ပွဲတွေလည်း ဆက်ကြိုးစားသွားပါမယ်”ဟု ပြောကြားခဲ့သည်။
အစောပိုင်းပွဲစဉ်ဖြစ်သည့် လာအိုအသင်းနှင့် စင်ကာပူအသင်းတို့ ပွဲစဉ်တွင် စင်ကာပူအသင်းက (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်များ ၂ ပွဲစီ ကစားပြီးချိန်တွင် ထိုင်းနှင့် မြန်မာအသင်းက ၄ မှတ်စီဖြင့် အုပ်စု ပထမနှင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး စင်ကာပူအသင်းက ၃ မှတ်ဖြင့် တတိယ၊ လာအိုအသင်းက အမှတ်မရရှိသေးဘဲ စတုတ္ထနေရာတွင် ရပ် တည်နေသည်။
မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မေ ၁၅ ရက်တွင် စင်ကာပူနှင့် ကစားရမည်ဖြစ်ပြီး ထိုင်းအသင်းက လာအိုနှင့် ကစားရမည်ဖြစ်သည်။