ဆီးဂိမ်းစ် ဆီးမီးဖိုင်နယ် တက်ခွင့် အမျိုးသား ယူ၂၃ ပွဲစဉ်တွင် မြန်မာနှင့် ဗီယက်နမ် ၊ အမျိုးသမီး ပွဲစဉ်တွင် မြန်မာနှင့် ထိုင်းတို့ မေ ၁၃ တွင်ယှဉ်ပြိုင်မည်
May 12, 2022ဆီးဂိမ်းစ်အုပ်စုတတိယပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်ကို အရေးနိမ့်ခဲ့တဲ့ မြန်မာယူ-၂၃
May 13, 2022
၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်းစ်)ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် မေ ၁၂ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံမှတစ်ဆင့် ပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိပြီးနောက် မေ ၁၃ ရက် ညနေပိုင်းတွင် Official Training အဖြစ် ပြိုင်ပွဲကျင်းပမည့် Ha Nam Gymnasium အားကစားခန်းမတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ၈ဦး၊ ကစားသမား ၁၆ ဦး ပါဝင်ပြီး ဟာနမ်မြို့ရှိ Moung Thanh Luxury ဟိုတယ်တွင် တည်းခိုနေထိုင်ကာ ဆီးဂိမ်းစ် ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် မေ ၁၅ရက်တွင် ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊ မေ ၁၇ရက်တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊ မေ ၁၉ရက်တွင် မလေးရှားအသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ထိုင်းတွင် NSDF ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ထိုင်းအသင်းကို (၇-၀)ဂိုး၊ ထိုင်းအောလ်စတားကို (၄-၁)ဂိုး၊ အင်ဒိုနီးရှားအသင်းကို (၃-၂)ဂိုး၊ ဩစတြေးလျကလပ် ဆောက်ပါ့ခ်အသင်းကို (၃-၂) ဂိုးတို့ဖြင့် ရူံးနိမ့်ခဲ့သည်။
ယင်းနောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ကာ ကစားသမား ၂၂ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်ရာ ဧပြီ ၂၉ ရက်က အပြီးသတ် ကစားသမား ၁၆ဦးကို ရွေးချယ်ခဲ့သည်။
ထို့နောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အပြီးသတ် ကစားသမား ၁၆ဦးဖြင့် လေ့ကျင့်မှုများပြုလုပ်ပြီး ထိုင်းကလပ်အသင်းများနှင့် ခြေစမ်းပွဲများကစားခဲ့ရာ Nonthaburi အသင်းကို (၅-၃) ဂိုး၊ Kasem Bundit University အသင်းကို (၁-၀) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့သည်။