ဆီးဂိမ်းစ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကျင်းပ
May 14, 2022အိမ်ရှင် ဗီယက်နမ်ကို မြန်မာအမျိုးသမီး ဖူဆယ်အသင်း ရူံးနိမ့်
May 15, 2022(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲအဖြစ် အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့ ယနေ့ (မေ ၁၄ရက်)တွင်
Ha Nam Gymnasium ၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၆-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် ကျော်ထက်အောင်(ဂိုး)၊ မျိုးသက်အောင်၊ ဝေဇင်ဦး၊ခင်ဇော်လင်း၊ သိုင်းဘွဲ့အောင်တို့ဖြင့် ပွဲထုတ်ခဲ့ပြီး ပွဲချိန် ပထမပိုင်း
အစပိုင်းတွင် မြန်မာအသင်းအမှားကို အခွင့်ကောင်းယူပြီး အင်ဒိုနီးရှားအသင်းက ပထမဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ထို့နောက် နှစ်သင်းစလုံး အပြန်အလှန်ကစားခဲ့ပြီး ပထမပိုင်းအပြီးတွင် အင်ဒိုနီးရှားအသင်းက (၁-၀)ဂိုး အနိုင်ရလဒ်ဖြင့် ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်းတွင် အင်ဒိုနီးရှားအသင်း ကစားပုံ ပိုကောင်းခဲ့ပြီး နောက်ထပ် ၅ ဂိုး သွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် မြန်မာအသင်း (၆-၀)ဂိုးဖြင့်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဧပြီလ အစောပိုင်းက ကျင်းပခဲ့သည့် AFF FUTSAL CHAMPIONSHIP 2022 ပြိုင်ပွဲတွင်လည်း အင်ဒိုနီးရှားအသင်းကို (၁ – ၆)ဂိုးဖြင့် ရူံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသားအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအဖြစ် မေ ၁၆ ရက်တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊မေ ၁၈ ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့်လည်းကောင်း၊ မေ ၂၀ ရက်တွင် မလေးရှားအသင်းနှင့် လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အိမ်ရှင် ဗီယက်နမ်အသင်းနှင့် မလေးရှားအသင်းတို့ပွဲစဉ်တွင် ဗီယက်နမ်အသင်းက (၇-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
Standing
Pos | Team | Pld | W | D | L | GF | GA | GD | Pts |
---|---|---|---|---|---|---|---|---|---|
1 | Vietnam | 2 | 1 | 1 | 0 | 8 | 2 | +6 | 4 |
2 | Indonesia | 2 | 1 | 1 | 0 | 7 | 1 | +6 | 4 |
3 | Thailand | 1 | 1 | 0 | 0 | 6 | 2 | +4 | 3 |
4 | Myanmar | 1 | 0 | 0 | 1 | 0 | 6 | −6 | 0 |
5 | Malaysia | 2 | 0 | 0 | 2 | 3 | 13 | −10 | 0 |
PHOTO GALLERY