
ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ထိုင်းနှင့် မြန်မာ (၁-၁) ဂိုး သရေကျ
May 13, 2022
ဆီးဂိမ်းစ် အဖွင့်ပွဲစဉ်တွင် မြန်မာအမျိုးသား ဖူဆယ်အသင်း ရူံးနိမ့်
May 14, 2022(၃၁)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဖူဆယ်ပြိုင်ပွဲ၏ ပွဲကြို သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ ဟာနမ်မြို့ရှိ Moung Thanh Luxury ဟိုတယ်တွင် ကျင်းပခဲ့သည်။
ထိုသတင်းစာရှင်းလင်းပွဲသို့ မြန်မာအမျိုးသမီး ဖူဆယ်အသင်းနည်းပြချုပ် ဦးတင်မောင်ဌေး နှင့် အသင်းခေါင်းဆောင် ခိုင်နှင်းသန့် တို့က တက်ရောက်ဖြေကြားပေးခဲ့သည်။

မြန်မာအမျိုးသမီး ဖူဆယ်အသင်းနည်းပြချုပ် ဦးတင်မောင်ဌေးက” ကျွန်တော်တို့ အုပ်စုအဖွင့်ပွဲစဉ်မှာ ရင်ဆိုင်ရမယ့် အိမ်ရှင်ဗီယက်နမ်အသင်းဟာ တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဆီးဂိမ်းစ်မှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်အသင်းတိုင်းဟာ အသင်းကောင်းတွေဖြစ်တာကြောင့် ပွဲတိုင်းကို အကောင်းဆုံး ပြင်ဆင်ကစားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ဆီးဂိမ်းစ် မတိုင်မီ ထိုင်းနိုင်ငံမှာ ရက် ၂၀ ကျော်နေထိုင်ပြီး NSDF ဖိတ်ခေါပြိုင်ပွဲ၊ ကလပ်အသင်းနှစ်သင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် အသင်းခေါင်းဆောင် ခိုင်နှင်းသန့်က ” ဆီဂိမ်းစ်ပြိုင်ပွဲမှာ အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ခက်ခဲမှာဖြစ်ပေမယ့် ရလဒ်ကောင်းရဖို့ တစ်ပွဲချင်း အကောင်းဆုံး ပြင်ဆင်ကစားသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် မေ ၁၅ရက်တွင် ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊ မေ ၁၇ရက်တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊ မေ ၁၉ရက်တွင် မလေးရှားအသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။