ဆီးဂိမ်းစ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် အင်ဒိုနီးရှားကို အရေးနိမ့်ခဲ့တဲ့ မြန်မာ
May 15, 2022ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်ရောက် မြန်မာ အမျိုးသမီး အသင်းအား နိုင်ငံတော်မှ အမေရိကန် ဒေါ်လာ (၁)သိန်း ထပ်ဆောင်းချီးမြှင့်
May 16, 2022အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စု(ခ) နောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ မြန်မာစံတော်ချိန် ၃နာရီ ၃၀မိနစ် ဗီယက်နမ်နိုင်ငံ Cam Pha အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် စင်ကာပူအသင်းနှင့် မြန်မာအသင်းတို့ ပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အတွက် ပွဲထွက်လူစာရင်းအဖြစ် ဂိုးသမား ဇူးလတ်နဒီ၊ဇွန်ယုယဦး၊ ချစ်ချစ်၊ အေးအေးမိုး၊ ဖြူဖြူဝင်း၊ ခင်မာလာထွန်း၊ သင်းသင်းယု၊ နော်ထက်ထက်ဝေ၊ ပုံ့ပုံ့ပြည့်မောင်၊ ဝင်းသိင်္ဂီထွန်း၊ ဂျူလိုင်ကျော် တို့ဖြင့် ပွဲထွက်ခဲ့သည်။
မြန်မာအသင်း သည် ပွဲစဉ်တစ်လျှောက် ဖိအားပေး ကစားနိုင်ခဲ့သော်လည်း အဆုံးသတ်အားနည်းချက်များကြောင့် သာမန်ပွဲကစားချိန် (၉၀) မိနစ်ထိ ဂိုးမရရှိဘဲ နာကျင်အချိန်ပို ၉၀+၃ မိနစ် ရောက်ရှိမှသာ ခင်မိုးဝေ၏ ထောင့်ကန်ဘောမှတဆင့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်ပြီး ယင်းဂိုးဖြင့်သာ မြန်မာအသင်း အနိုင်ရရှိခဲ့သည်။
“ဒီကနေ့ပွဲမှာ စင်ကာပူအသင်းအနေနဲ့ ခံစစ်ဦးစားပေးကစားခဲ့သလို ကျွန်တော်တို့အသင်း တိုက်စစ်သွားတဲ့နေရာမှာလည်း အားနည်းချက်တွေရှိခဲ့လို့ ဂိုးရဖို့အတွက် ခက်ခဲခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အနိုင်ရလဒ်ရတဲ့ထိ ကြိုးစားခဲ့လို ကစားသမားတွေကို ချီးကျူးပါတယ်။
ဆီမီးဖိုင်နယ်ပွဲအဆင့်မှာ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ” ဟု မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်က ပြောကြားခဲ့သည်။
မြန်မာအသင်းအနေဖြင့် အုပ်စု(ခ)မှ ထိုင်းအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စု ဒုတိယနေရာမှ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို အုပ်စု(က)မှ အဆင့်(၁) ဗီယက်နမ်အသင်းနှင့် မေလ ၁၈ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။