ဆီးဂိမ်းစ် အဖွင့်ပွဲစဉ်တွင် မြန်မာအမျိုးသား ဖူဆယ်အသင်း ရူံးနိမ့်
May 14, 2022ဆီးဂိမ်းစ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် အင်ဒိုနီးရှားကို အရေးနိမ့်ခဲ့တဲ့ မြန်မာ
May 15, 2022(၃၁)ကြိမ်မြောက်ဆီးဂိမ်းစ် အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲအဖြစ် အိမ်ရှင်ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယနေ့ (မေ ၁၅ရက်)တွင် Ha Nam Gymnasium ၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက( ၆-၀) ဂိုးဖြင့် ရူံးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် ခိုင်နှင်းသန့်၊ ယွန်းမီမီလွင်၊ အေးအေးထွေး၊ ဆုပိုပိုကျော်၊ ယမင်းလွင် တို့ဖြင့် ပွဲထွက်ခဲ့ပြီး ခံစစ်အားပြုကစားသော် လည်း ဗီယက်နမ်အသင်းက ရရှိလာသည့် အခွင့်အရေးကောင်းများကို အပိုင်အသုံးချနိုင်သောကြောင့် ပထမပိုင်းအပြီးတွင် (၄)ဂိုးပြတ် အနိုင်ရလဒ်ဖြင့် ဦးဆောင်ကစားခဲ့သည်။ ဗီယက်နမ်အသင်းအတွက် ဂိုးများကို ပွဲချိန် ၆ မိနစ်၊ ၇ မိနစ်၊ ၁၂ မိနစ်နှင့် ၁၅ မိနစ်တို့တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်း အပိုင်ဂိုးသွင့်ခွင့် အချို့ရရှိခဲ့သော်လည်း အသုံးချနိုင်ခြင်းမရှိဘဲ ဗီယက်နမ်အသင်းက ၂၁ မိနစ်နှင့် ၄၀ မိနစ်တို့တွင် ဂိုးများ ထပ်မံသွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် ၆ ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပွဲအပြီး မီဒီယာများ၏ မေးမြန်းမှုကို မြန်မာဖူဆယ်အမျီုးသမီးနည်းပြချုပ် ဦးတင်မောင်ဌေးက ” ဗီယက်နမ်အသင်းဟာ တောင့်တင်းတဲ့ အ သင်းဖြစ်ပါတယ်။ နောက်ပြီး စနစ်တကျကစားနိုင်သလို စုစည်းမှုအားလည်းကောင်းပါတယ်။ကျွန်တော်တို့အသင်းဟာ ဗီယက်နမ် ဆီးဂိမ်းစ်ရဲ့ ပထမဆုံးပွဲဖြစ်တာကြောင့် ကစားသမားတွေ စိုးရိမ်စိတ်ရှိခဲ့ပြီး ပထမပိုင်းမှာ အမှားအချို့နဲ့ လိုအပ်ချက်တွေရှိခဲ့တာကြောင့် ဂိုးအများကြီး ပေးလိုက်ရတာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
အစောပိုင်းပွဲစဉ်ဖြစ်သည့် ထိုင်းနှင့် မလေးရှားအသင်းတို့ပွဲတွင် ထိုင်းအသင်းက (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအဖြစ် မေ ၁၇ရက်တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊ မေ ၁၉ရက်တွင် မလေးရှားအသင်းနှင့် လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
Standing
Pos | Team | Pld | W | D | L | GF | GA | GD | Pts |
---|---|---|---|---|---|---|---|---|---|
1 | Vietnam | 1 | 1 | 0 | 0 | 6 | 0 | +6 | 3 |
2 | Thailand | 1 | 1 | 0 | 0 | 4 | 0 | +4 | 3 |
3 | Malaysia | 1 | 0 | 0 | 1 | 0 | 4 | – 4 | 0 |
4 | Myanmar | 1 | 0 | 0 | 1 | 0 | 6 | −6 | 0 |
Gallery