အမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် ထိုင်းကို မြန်မာအသင်း ရူံးနိမ့်
May 16, 202232nd AFC congress 2022 သို့ MFF ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
May 18, 2022(၃၁)ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲအဖြစ် မြန်မာနှင့် ထိုင်းအသင်းတို့ ယနေ့ (မေ ၁၇ရက်)တွင် Ha Nam Gymnasium၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၄-၀) ဂိုးဖြင့် ရူံးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် ခိုင်နှင်းသန့်(ဂိုး)၊ ခင်မာလင်း၊ ခင်ပြည့်လင်း၊ နှင်းစန္ဒ္ဒာလှိုင်၊နန့်မေသဇင်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ထိုင်းအသင်းကို ရင်ဆိုင်ခဲ့သည်။ ပွဲချိန် ပထမပိုင်းတွင် ထိုင်းအသင်းက အသာစီးဖြင့် ကစားခဲ့ပြီး ပွဲချိန် (၇) မိနစ်တွင် မြန်မာအသင်းမှ အေးအေးထွေး ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့သည်။
ထို့နောက် ထိုင်းအသင်းက ခြေစွမ်းအသာဖြင့် ဆက်လက်ဖိအားပေး ကစားခဲ့ပြီး ပွဲချိန် (၉) မိနစ်နှင့် (၁၇) မိနစ်တို့တွင် Huajaipetchက ဂိုးများသွင်းယူခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် (၃)ဂိုးပြတ် အနိုင်ရလဒ်ဖြင့် ပွဲကို ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်းတွင် ထိုင်းအသင်း ပင်နယ်တီ တစ်လုံးကန်သွင်းခွင့်ရရှိပြီး လွဲချော်ခဲ့သော်လည်း ပွဲချိန်(၂၄) မိနစ်တွင် မြန်မာအသင်းမှ နန့်မေသ ဇင် ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် ထိုင်းအသင်းက (၄) ဂိုးပြတ် အနိုင်ရရှိသွားခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် ပွဲဦးထွက်တွင်လည်း အိမ်ရှင်ဗီယက်နမ်ကို (၆-၀) ဂိုးဖြင့် ရူံးနိမ့်ခဲ့ပြီး မေ ၁၉ ရက်တွင် နောက်ဆုံးပွဲစဉ်
အဖြစ် မလေးရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။
အခြားပွဲစဉ်ဖြစ်သည့် အိမ်ရှင် ဗီယက်နမ်နှင့် မလေးရှားအသင်းတို့ပွဲစဉ်တွင် ဗီယက်နမ်က (၄-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
Standing
Gallery