အိမ်ရှင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့တဲ့ မြန်မာအမျိုးသား ဖူဆယ်အသင်း
May 18, 2022အမျိုးသမီးဖူဆယ်တွင် မလေးရှားနှင့် မြန်မာအသင်း (၃-၃)ဂိုး သရေကျ
May 19, 2022အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အသင်းတို့ မြန်မာစံတော်ချိန် ၆နာရီ ၃၀မိနစ် ဗီယက်နမ်နိုင်ငံ ဟာလောင်းမြို့ Cam Pha အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး အိမ်ရှင်ဗီယက်နမ်အသင်းက မြန်မာအမျိုးသမီးအသင်းကို ၁-၀ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့သည်။
မြန်မာအသင်းအတွက် ပွဲထွက်လူစာရင်းတွင် မေဇင်နွယ်၊ချစ်ချစ်၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ဖြူဖြူဝင်း၊နော်ထက်ထက်ဝေ၊ခင်မိုမိုထွန်း၊ခင်မာလာထွန်း၊ ပုံပုံပြည့်မောင်၊ ဝင်းသိင်္ဂီထွန်း၊ ဂျူလိုင်ကျော်တို့ကို အသုံးပြုခဲ့သည်။ မြန်မာအသင်းအနေဖြင့် အိမ်ရှင်ပရိသတ်ရှေ့တွင် အကောင်းဆုံး တုံ့ပြန်ကစားခဲ့သော်လည်း ဗီယက်နမ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးဖြစ်သည့် ပြစ်ဒဏ်ဘောမှ တဆင့် ပေးပို့သည့်ဘောလုံးကို အသင်းခေါင်းဆောင် Huynh Nhu က ခေါင်းတိုက်သွင်းယူခဲ့ခြင်းကို ပွဲချိန် ၂၈မိနစ်တွင် ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အနေဖြင့် ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် တတိယလုပွဲအဖြစ် ဖိလစ်ပိုင်အမျိုးသမီးအသင်းနှင့် မေလ ၂၁ရက်နေ့ မြန်မာစံတော်ချိန် ၃နာရီအချိန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။