ဖူဆယ်ပြိုင်ပွဲ ဒုတိယမြောက်ပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်း ရူံးပွဲကြုံတွေ့
May 17, 2022အိမ်ရှင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့တဲ့ မြန်မာအမျိုးသား ဖူဆယ်အသင်း
May 18, 2022အာရှဘောလုံး အဖွဲ့ချုပ် (AFC)၏ ၃၂ ကြိမ်မြောက် ကွန်ဂရက်စ် 32nd AFC congress 2022 အားယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ(၂း၃၀)နာရီက Video Conferencing အနေဖြင့် ကျင်းပရာ AFC ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ကြသည်။
ကွန်ဂရက်စ်သို့ ကမ္ဘာဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနို၊ အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရှိတ်ဆော်လမန်၊ AFC ဒုတိယ ဥက္ကဋ္ဌများနှင့် အမှုဆောင်ကော်မတီဝင်များ၊ AFC အဖွဲ့ဝင်နိုင်ငံအသီးသီးမှ အဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကွန်ဂရက်စ်တွင် AFC ဘဏ္ဏာရေး ရှင်းတမ်းများ၊ Audit စစ်ဆေးမှု အစီရင်ခံစာများ၊ တစ်နှစ်တာ လှုပ်ရှားဆောင်ရွက်မှုများ၊ ကလပ်အသင်းနှင့် နိုင်ငံတကာ ပြိုင်ပွဲများ၊ ၂၀၂၃ အာရှဖလား အိမ်ရှင်ရွေးချယ်ရေး နှင့် AFC အခြား အရေးကြီး ဆောင်ရွက်စရာရှိသည်များကို မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ကမ္ဘာဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရှိတ်ဆော်လမန်တို့က တက်ရောက်လာသူများ အားကြိုဆိုနှုတ်ခွန်းဆက် စကားပြောခဲ့ကြပြီး အာရှဘောလုံး ဖွံ့ဖြိုးရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆွေးနွေးခဲ့ကြသည်။