ဆီမီးဖိုင်နယ် ပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
May 18, 2022နောက်ဆုံးပွဲတွင် သရေကျသွားသည့် မြန်မာအမျိုးသား ဖူဆယ်အသင်း
May 20, 2022(၃၁)ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲအဖြစ် မလေးရှားနှင့် မြန်မာအသင်းတို့ ယနေ့ (မေ ၁၉ရက်)တွင် Ha Nam Gymnasium၌ ယှဉ်ပြိုင်ကစားခဲ့ရာ (၃-၃)ဂိုး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
ယခုပွဲသည် နှစ်သင်းစလုံးအတွက် ဆီးဂိမ်းစ် အမျိုးသမီး အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်ဖြစ်ပြီး တတိယနေရာလုပွဲအတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်သောကြောင့် အကြိတ်အနယ် ကစားခဲ့သည်။
မြန်မာအသင်းသည် ခိုင်နှင်းသန့်(ဂိုး)၊ ခင်မာလင်း၊ နှင်းစန္ဒ္ဒာလှိုင်၊ ဇင်မိုးပြည့်၊ နန့်မေသဇင်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲချိန် (၁) မိနစ်တွင် မလေးရှားအသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ သို့သော် မြန်မာအသင်းက ((၉)မိနစ်တွင် မေသက်ပိုင်၊ (၁၆) မိနစ်တွင် နန့်မေသဇင် နှင့်(၂၀) မိနစ်တွင် ယွန်းမီမီလွင်တို့က (၃) ဂိုးဆက် သွင်းယူခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် (၃-၁)ဂိုးဖြင့် ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်း (၂၃)မိနစ်နှင့် (၃၈) မိနစ်တို့တွင် မလေးရှားအသင်းက ချေပဂိုး (၂) ဂိုး သွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် (၃-၃)ဂိုးသရေကျခဲ့သည်။မလေးရှားနှင့် မြန်မာအသင်းတို့သည် ရမှတ်ချင်း တူညီသော်လည်း မလေးရှားက ဂိုးကွာခြားချက် အသာဖြင့် အုပ်စု တတိယနေရာရကာ ကြေးတံဆိပ် ရရှိခဲ့သည်။
အိမ်ရှင် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ပွဲစဉ်တွင် ထိုင်းအသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရပြီး ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ဗီယက်နမ်အသင်းမှာ သရေကျပါက ပထမရမည်ဖြစ်သော်လည်း ရူံးနိမ့်သွားသဖြင့် ဒုတိယ ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
Final Standing
Pos | Team | Pld | W | D | L | GF | GA | GD | Pts |
---|---|---|---|---|---|---|---|---|---|
1 | Thailand | 3 | 3 | 0 | 0 | 10 | 1 | +9 | 9 |
2 | Vietnam | 3 | 2 | 0 | 1 | 11 | 3 | +8 | 6 |
3 | Malaysia | 3 | 0 | 1 | 2 | 4 | 11 | −7 | 1 |
4 | Myanmar | 3 | 0 | 1 | 2 | 3 | 13 | −10 | 1 |
Gallery