အမျိုးသမီးဖူဆယ်တွင် မလေးရှားနှင့် မြန်မာအသင်း (၃-၃)ဂိုး သရေကျ
May 19, 2022ဟောင်ကောင်၊ ဘာရိန်း လက်ရွေးစင် အသင်းများနှင့် ခြေစမ်းရန် မြန်မာအသင်း ထိုင်းနိုင်ငံသို့ ရောက်ရှိ
May 22, 2022(၃၁)ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲအဖြစ် မလေးရှားနှင့် မြန်မာအသင်းတို့ ယနေ့ (မေ ၂၀ရက်)တွင် Ha Nam Gymnasium၌ ယှဉ်ပြိုင်ကစားခဲ့ရာ (၄-၄)ဂိုး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
ယခုပွဲသည် နှစ်သင်းစလုံးအတွက် အရေးပါခြင်းမရှိသော်လည်း အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ခြင်းကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။
မြန်မာအသင်းသည် ဇွဲပြည့်စုံ(ဂိုး)၊မျိုးသက်ဟန်၊ငြိမ်းမင်းစိုး၊ မျိုးမြင့်စိုး၊ သိုင်းဘွဲ့အောင်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ပထမပိုင်းတွင် အကောင်းဆုံးပုံစံ
ပြသနိုင်ခဲ့သောကြောင့် (၄-၀) ဂိုးဖြင့် ဦးဆောင်ကစားခဲ့သည်။
မြန်မာအသင်းအတွက် ဂိုးများကို (၁၄) မိနစ်နှင့် (၁၉) မိနစ်တွင် သိုင်းဘွဲ့အောင်၊ (၁၄) မိနစ်တွင် မျိုးသက်အောင်၊ (၁၆) မိနစ်တွင် မျိုးမြင့်စိုးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းတွင် မလေးရှားအသင်းက ပင်နယ်တီတစ်ဂိုးအပါအဝင် (၄) ဂိုး ပြန်လည်သွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် (၄-၄) ဂိုး သရေကျ
သွားခြင်းဖြစ်သည်။
အခြားပွဲစဉ်ဖြစ်သည့် အိမ်ရှင် ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ပွဲတွင် ထိုင်းအသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အုပ်စု ပထမရသောထိုင်းအသင်းက ရွှေတံဆိပ်၊ ဒုတိယရသော အင်ဒိုနီးရှားအသင်းက ငွေတံဆိပ်၊ တတိယရသော ဗီယက်နမ်အသင်းက ကြေးတံဆိပ် အသီး သီးရရှိခဲ့သည်။
Final Standing
Pos | Team | Pld | W | D | L | GF | GA | GD | Pts |
---|---|---|---|---|---|---|---|---|---|
1 | Thailand | 4 | 3 | 1 | 0 | 11 | 4 | +7 | 10 |
2 | Indonesia | 4 | 2 | 2 | 0 | 11 | 2 | +9 | 8 |
3 | Vietnam | 4 | 2 | 1 | 1 | 12 | 4 | +8 | 7 |
4 | Myanmar | 4 | 0 | 1 | 3 | 5 | 16 | −11 | 1 |
5 | Malaysia | 4 | 0 | 1 | 3 | 7 | 20 | −13 | 1 |