နောက်ဆုံးပွဲတွင် သရေကျသွားသည့် မြန်မာအမျိုးသား ဖူဆယ်အသင်း
May 20, 2022အာရှယူ-၁၇နှင့် ယူ -၂၀ ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်များအတွက် အုပ်စုမဲခွဲပွဲကျင်းပ
May 24, 2022ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းသည် AFC Asian Cup 2023 အာရှဖလား ခြေစစ်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုင်ငံတကာ ခြေစမ်းပွဲ (၂)ပွဲယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်းသည် ထိုင်းနိုင်ငံသို့ ယနေ့မနက်ပိုင်းက ထွက်ခွာသွားခဲ့ပြီး အာရှဖလား ခြေစစ်ပွဲအကြို နိုင်ငံတကာ ခြေစမ်းပွဲများ အဖြစ် မေလ ၂၄ ရက်နေ့တွင် ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် Training Match လေ့ကျင့်ခြေစမ်းပွဲ၊ မေလ ၂၇ ရက်နေ့တွင် ဘာရိန်း လက်ရွေးစင် အသင်းနှင့် ဖီဖာ (A) အဆင့် နိုင်ငံတကာ ခြေစမ်းပွဲ တို့ကို ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Alpine Training Camp တွင်လေ့ကျင့်မှုများ ပြုလုပ်ကာ ခြေစမ်းပွဲများ ကစားပြီးနောက် ဇွန်လ (၃)ရက်နေ့တွင် အာရှခြေစစ်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားရန် ကာဂျစ္စတန်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ရန် အုပ်စု(F)တွင် အိမ်ရှင် ကာဂျစ္စတန်၊ တာဂျီကစ္စတန်၊ စင်ကာပူ အသင်းများနှင့်အတူ ကျရောက်နေပြီး အုပ်စု ပထမ၊ ဒုတိယ ရရှိပါက ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအား ကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံတကာ ခြေစမ်းပွဲများ အပြီးတွင် နောက်ဆုံးလူစာရင်းအား နည်းပြချုပ် အန်တွမ်နီဟေးမှ ထုတ်ပြန်မည် ဖြစ်သည်။
ပဏာမ မြန်မာ့လက်ရွေးစင်အသင်း
Team Manager- ဦးထွန်းထွန်းအောင်
Head Coach- အန်တွမ်နီဟေး
Assistant Coaches- ဦးကြည်လွင်၊ ခီမဲလ် ဟာလက်ခ်
Team Doctor – ဒေါက်တာကျော်သန့်ဇင်
Physiotherapist – ဦးတင်အောင်မိုး
Kit Manager – ဦးအောင်ကျော်လင်း
Media Officer – ဦးဇော်မင်းထိုက်
ပဏာမ ကစားသမားများ
ဂိုး – ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးသူ၊ ထွန်းနန္ဒဦး။
နောက်တန်း – ကျော်ဇင်လွင်၊ ဝင်းမိုးကျော်၊ စိုးမိုးကျော်၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ဒေးဗစ်ထန်း၊ ဟိန်းဖြိုးဝင်း၊ အောင်ဝဏ္ဏစိုး၊ ဇော်ရဲထွန်း။
အလယ်တန်း – လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ အောင်နိုင်ဝင်း၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ဆမ်လန်မန်၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင်၊ ထက်ဖြိုးဝေ၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်မျိုးခန့်။
ရှေ့တန်း – အောင်ကောင်းမာန်၊ သန်းပိုင်၊ ဝင်းနိုင်ထွန်း။