အာရှယူ-၁၇နှင့် ယူ -၂၀ ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်များအတွက် အုပ်စုမဲခွဲပွဲကျင်းပ
May 24, 2022AFF Women Championship 2022 ဘောလုံးပြိုင်ပွဲ မဲခွဲပွဲ အခမ်းအနားကျင်းပ
May 28, 2022အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်နေသာ ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းသည် ယနေ့ မေလ ၂၇ ရက်၊ ဒေသစံတော်ချိန် ည(၇း၀၀)နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ BG Stadium တွင် ကမ္ဘာ့အဆင့် ၈၉ ရှိ ဘာရိန်းလက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ (၂-၀)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
နည်းပြချုပ် အန်တွမ်နီဟေး အနေဖြင့် ပွဲထွက်လူစာရင်းတွင် ဂိုး- ပြည့်ဖြိုးသူ၊ နောက်တန်း- ဝင်းမိုးကျော်၊ ဇော်ရဲထွန်း၊ စိုးမိုးကျော်၊ ရဲမင်းသူ၊ ကျော်ဇင်လွင်၊ အလယ်တန်း- ဆမ်လန်မန်၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း၊ မောင်မောင်လွင်၊ ရှေ့တန်း – သန်းပိုင် တို့ဖြင့် ၅-၄-၁ ပုံစံအတိုင်း ဘာရိန်းအသင်းအား ရင်ဆိုင်ခဲ့သည်။ ဘာရိန်း အသင်းတွင်လည်း အဓိက ကစားသမားအစုံဖြင့် ပွဲထွက်ခဲ့ပြီး မြန်မာအသင်းအား အမြင့်ဘောများ အသုံးပြုကာ ထိုးဖောက်တိုက်စစ် ဆင်ခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်းသည် တိုက်စစ်မြှင့်သည့် အနေဖြင့် သန်းပိုင်အစား အောင်ကောင်းမာန်၊ ဇော်ဝင်သိန်းအစား လွင်မိုးအောင် တို့ကိုအစားထိုးကာ ဂိုးရရန် ကြိုးပမ်းခဲ့သည်။ ပထမပိုင်းတွင် အောင်ကောင်းမာန် ၆ ကိုက်စည်းတွင်းမှ အနီးကပ် ကန်သွင်းခဲ့သော်လည်း ဘာရိန်ဂိုးသမား ကာကွယ်သွားနိုင်ခဲ့သလို ဘာရိန်းအသင်းး တိုက်စစ်ကိုလည်း မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ စုစည်းညီညွတ်စွာ ခုခံကာကွယ်ထားနိုင်၍ ပထမပိုင်းတွင်း ဂိုးမရှိ သရေကျနေခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းသည် ခံစစ်မှ တိုက်စစ်သို့ လျင်လျင်မြန်မြန် ကူးပြောင်းပြီး ဂိုးရရန် ကြိုးပမ်းခဲ့သည်။ ကျော်ဇင်လွင်၊ မြတ်ကောင်းခန့်တို့ ဖြတ်တင်ဘောများအား ဘာရိန်းနောက်တန်း ဖျက်ထုတ်ထားနိုင်သဖြင့် ဂိုးမရခဲ့ပေ။ ဒုတိယပိုင်းတွင် အောင်ကောင်းမာန်အစား ဝင်းနိုင်ထွန်း၊ ဆမ်လန်မန် အစား မြတ်ကောင်းခန့်၊ ဝင်းမိုးကျော်အစား ဒေးဗစ်ထန်း တို့ကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ မောင်မောင်လွင်၊ ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်တို့ တွဲလုံးများဖြင့် ဘာရိန်းနောက်တန်းအား အခက်တွေ့စေခဲ့သော်လည်း အဆုံးသတ် အားနည်းခြင်း၊ ဘာရိန်းနောက်တန်း ကာကွယ်ထားနိုင်ခြင်း တို့ကြောင့် ဂိုးမရခဲ့ပေ။ ဒုတိယပိုင်းတွင် မြတ်ကောင်းခန့်အစား ထက်ဖြိုးဝေ အစားထိုးဝင်ရောက် ကစားခဲ့သည်။
ပွဲချိန် ၈၉ မိနစ်တွင် ဘာရိန်း ရှေ့တန်းလူ အဗ္ဗဒူ လိုင်ယာဘိုင် မက်ဒီအား ဂိုးသမား ပြည့်ဖြိုးသူ လဲချသည်ဟု ဒိုင်ကဆုံးဖြတ်ပြီး ပင်နယ်တီကန်ခွင့်ပြုသဖြင့် ဘာရိန်းအသင်း ကန်သွင်းခွင့်ရခဲ့သည်။ ၉၀ မိနစ်တွင် ပင်နယ်တီကို နံပတ်(၂၉) အဗ္ဗဒူ လိုင်ယာဘိုင် မက်ဒီကပင် ကန်သွင်းယူပြီး ဘာရိန်းအသင်း ဗွေဆော်ဦးဂိုး ရခဲ့သည်။ ချက်ခြင်းဆိုသလို ၉၁ မိနစ်တွင် မြန်မာအသင်း နောက်တန်းထံမှ ဘောလုံးဆုံးရှုံးသွားခဲ့မှုကို အခွင့်ကောင်းယူကာ ဘာရိန်း ကွင်းလယ်လူ ကျောနံပါတ် ၂၀ ဟိုင်မိုင်ဒန် မာဒီက သွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် (၂-၀)ဂိုးဖြင့် ဘာရိန်း အသင်း အနိုင်ရရှိခဲ့သည်။