ဘောလုံးအကယ်ဒမီ တက်ရောက်ခွင့်ရ ကျောင်းသားသစ် အမည်စာရင်း ထုတ်ပြန်
May 31, 2022အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) ကျောင်းသားသစ် ကြိုဆိုပွဲ ပြုလုပ်
June 4, 2022ကာဂျစ္စတန်နိုင်ငံတွင် ဇွန် ၈ ရက်မှ ၁၄ ရက်အထိ ကျင်းပပြုလုပ်မည့် အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းကို နည်းပြချုပ် အန်တွမ်နီဟေးက ဇွန် ၃ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း၏ အပြီးသတ်လူစာရင်းတွင် စုစုပေါင်း ကစားသမား (၂၃)ဦးကို ရွေးချယ်ထားသည်။
မြန်မာ့လက်ရွေးစင် အသင်းအား ပဏာမ ကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံတွင် ဟောင်ကောင်၊ ဘာရိန်းအသင်းများနှင့်နိုင်ငံတကာ ခြေစမ်းပွဲများကစားအပြီး နောက်ဆုံးလူစာရင်းအား နည်းပြချုပ် အန်တွမ်နီဟေးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ရန် အုပ်စု(F)တွင် အိမ်ရှင် ကာဂျစ္စတန်၊ တာဂျီကစ္စတန်၊ စင်ကာပူ အသင်းများနှင့်အတူ ကျရောက်နေပြီး အုပ်စု ပထမ၊ ဒုတိယ ရရှိပါက ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန် ၈ ရက်တွင် တာဂျီကစ္စတန်၊ ဇွန် ၁၁ ရက်တွင် အိမ်ရှင် ကာဂျစ္စတန်၊ ဇွန် ၁၄ ရက်တွင် စင်ကာပူအသင်း
တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။